ချစ်​​သော MC ​-.-

3.4K 513 43
                                    

ပင်​လယ်​ကိုမြင်​ရ​သော ရှု​ထောင့်​ကောင်း​ကောင်းမှ​နေရင်း လက်​ညှိုးနဲ့လက်​မသုံးကာ
ဘောင်​ခတ်​ရင်း ​မျက်​လုံးတစ်​ဖက်​မှိတ်​​ကာ
လက်​ဗလာဖြင့်​ကင်​မရာရိုက်​​နေ​သော ကောင်​​လေးကို အ​ပေါက်​ဝမှ​အရပ်​ရှည်​ရှည်​နဲ့
ကောင်​​လေးတစ်​​ယောက်​က​ငေးလို့...

"ဒီပုံ​လေးကို မှတ်​တမ်းတင်​ထားချင်​လိုက်​တာ..​နေထွက်​ချိန်​...​နေလုံးကြီးကဘာလို့
အဲ့​လောက်​လှ​နေရတာလဲ..!..ပင်​လယ်​နဲ့​မို့
ပိုပနံသင့်​​နေတာထင်​တယ်​...ဟူး..ငါ့ဖုန်း​လေး
သာရှိရင်​​သိပ်​​ကောင်းမှာ.."

ညီးညူသံ​လေးကိုကြားပီး အခန်းဝက အ​မောင်​ Park Chanyeol ကကြားပြီး​ခေါင်း
တဗျင်းဗျင်းကုတ်​ကာ စိတ်​ပျက်​လက်​ပျက်​ နဲ့
တံခါး​လေးကိုအသာပြန်​စိ​ပေးပြီး ထွက်​သွား
လေသည်​..

Baekhyun ဖြင့်​ သူ့လာကြည့်​​နေမှန်း​တောင်
မသိလိုက်​​ပေ...

နေလုံးကိုမျက်​ကွယ်​ပြုရင်း မျက်​စိ​ရှေ့က
စာရွက်​အဖြူအလွတ်​​လေး​တွေထပ်​ ​မှင်​ပြာ
ပြာများ​ရေးမှတ်​လို့....

......

"ဒီ​နေ့ ဘယ်​သွားမို့လဲဟင်​..?"

ခါတိုင်းလို အကွက်​​စိပ်​​ပေါင်းစုံနဲ့
ကျွန်းသားဝတ်​​နေကျအင်္ကျီမဟုတ်​ပဲ သာမန်​ထက်​အနည်းငယ်​သားနား​နေ​သော အပြင်​အဆင်​​ကြောင့်​ ဘယ်​သွားမလဲ​မေး​တော့

"ဟို..ရွာအလယ်​...လိုက်​ခဲ့​လေ.."

"ကျ​တော်​ပါလိုက်​ခဲ့ရမှာလား..?"

"အင်း..ပျင်း​နေတယ်​မလား..လိုက်​ခဲ့​ပေါ့..
စက်​ဘီးနဲ့သွားကျမယ်​​လေ.."

သူက အိမ်​အဝနားတွင်​ရပ်​ထား​သော 
ယောက်ျားစီးစက်​ဘီးကြီးကိုလက်​ညှိုးထိုး
ပြရင်း​ပြော၏..

ဒါနဲ့ Park Chanyeol ရဲ့အပါးက​ပြောဖူး
တယ်​​နော့..
ဒီအိမ်​ကတည်းခိုခန်းဆိုပြီး ကျ​တော်​​နေ​နေတဲ့
သုံးရက်​လုံးလုံး လာတည်းလည်းဧည့်​သည်
လည်းမ​တွေ့​ပေ...

"​baekhyun လည်းသွားပြင်​​လေ.."

"​တော်​ပါပြီ..ကျ​တော်​ဒီတိုင်းလိုက်​မယ်​​လေ.."

ချစ်သောပင်လယ်ပြာKde žijí příběhy. Začni objevovat