ချစ်သော နေရာ

4.9K 576 13
                                    

"ခင်ဗျာ...!!"

ဒါဘယ်လိုစကားကြီးလဲ...ဘယ်လိုအဓိပ္ပါယ်
လဲ...တင်တောင်းလာတယ် ဆိုတာ....

"Gomi ကုမ္ပဏီကသူဌေးသမီး Lee Gomi ကမင်းကိုစိတ်ဝင်စားနေတဲ့ပုံ..."

Lee Gomi...
ကျတော်သိနေသလိုလို....
မဟုတ်မှလွဲ....ကျတော့် Fan Sign တုန်းက
လာတဲ့ အမျိုးသမီး...ပြီးတော့ စာအုပ်ရေငါး
ဆယ်ကိုမှာတာ...Gomi...ရင်းရင်းနှီးနှီးသိ
နေတာပဲ...

ဒါပေမယ့်..

"သူက ကျတော့်ကိုဘယ်လို..."

"မင်းက သူ့ရဲ့ Role model တဲ့...
သူနဲ့မင်းနဲ့လည်းတွေ့ဖူးတယ်ပြောတယ်..."

နှစ်ခေါက်မျှသာ...
နှစ်ခေါက်လောက်တွေ့ဆုံရုံနဲ့ စိတ်ဝင်စားနိုင်
သလား...

"နှစ်ခေါက်လောက်ပါ..ဦးလေး.."

"ဒါဆိုလည်းအဆင်ပြေတာပေါ့ကွာ...
နောက်လည်းမကြာမကြာတွေ့ကြပေါ့.."

ဦးလေးစကားရဲ့ အဓိပ္ပါယ်​အရ ကျတော်က
ဒီ ကမ်းလှမ်းချက်ကို လက်ခံရတော့မှာလား..

"တခြားနည်း...~"

"Byun Baekhyun ရယ်..ဒီနည်းကဘယ်
ဆိုးမလဲ...မင်းနဲ့အသိ မိန်းကလေးဆိုတော့
လည်းဘာခက်ခဲတာမှတ်လို့...တခြားနည်း
ထက်ဒီနည်းကကောင်းတာပဲ..မင်းမှာ
ရည်းစားတွေဘာတွေလည်းရှိတာမဟုတ်ပဲ"

ဒေါ်လေးဝင်ပြောလာတော့ ကျတော် စကား
ကအဆုံးမရောက်..ပါးစပ်ဟလျက်သာ
စကားလုံးတို့ကိုပြန်မြိုချလိုက်ရ၏..

ရည်းစားမရှိခြင်း သည် ကျတော့်ဘဝအတွက်
နောင်တတစ်ခုဖြစ်ဖို့ လမ်းစလားပင်မသိတော့

ခေါင်းငုပ်ပြီး ဦးလေးရော ဒေါ်လေးရောရှေ့
တွင် ကျတော်ဘာတစ်ခွန်းမှမပြောနိုင်တော့..

ငြင်းချင်သော်လည်း လုံလောက်ခိုင်မာသော
ငြင်းဆိုချက် အတွက် အကြောင်းပြချက်
မရှိခဲ့ပါ...

ဖြစ်နိုင်ရင် တခြားနည်းကိုသာ ကျတော် ရှာ
ချင်မိတယ်...
စာအုပ်အမြန်ဆုံးထုတ်ရမလား...
လက်ကျိုးသည်အထိ ကျတော် ကွန်ပြူတာ
လက်ကွက်ပေါ်တွင် မနားမနေ ရေးနိုင်သည်..
ဦးနှောက်များ အရေပျော်သည် အထိ စဉ်းစား
ပြီး စာအုပ်ကိုအကောင်အထည်ဖော်လိုက်
ချင်တယ်...

ချစ်သောပင်လယ်ပြာWhere stories live. Discover now