ချစ်သော အပါး

4.3K 572 20
                                    

"မင်းမလုပ်ခင် ငါ့ကို အချိန်နည်းနည်းတော့
ပေးသင့်တယ်..အင့်..အခုလို မင်းလုပ်တော့
ကျေနပ်သွားလား..ဟမ်..ဟင့်.."

ကျွန်းပေါ်သို့ရောက်နေလေသည့်အထိ
မိုးတို့သည်မစဲသေးပါ...မိုးနဲ့အတူ သည်းနေတာက Byun Baekhyun ဆို
သော Seoul သားလေးရဲ့မျက်ရည်တွေ..

မိုးရွာနေသောကြောင့် ဆံပင်တို့က ရေစို
ကာကပ်နေပြီး မျက်လုံးတို့က ဆားငန်ရေ
တွေဝင်နေသည့်အပြင် မျက်ရည်တို့
ထွက်နေသောကြောင့် နီရဲနေသော
မျက်ဝန်းတို့ဖြင့် ဧည့်သည်ကို အားနာစွာဖြင့်ဘာမှပြန်မပြောပဲနှုတ်သာဆိတ်နေလိုက်ပြီး စင်ယော်ကို ကမ်းရှိ သစ်သားငုပ်တိုင် တွင် ကြိုးနဲ့ချီနေ၏..

"ဟင်..ပြန်ပြောအူံးလေ...ငါပဲမှားတာပါ..
မင်းလှေပေါ်ငါမတက်သင့်ဘူး..မင်းက
တကယ် မကောင်းတဲ့ လူပဲ..လုံးဝ လုံးဝ
မကောင်းတဲ့လူ..ဟင့်.."

ပြောရင်းနဲ့ သူ့ကိုနောက်ကျောပေးကာ
ထွက်သွားသော Seoul ကလာသော
ဧည့်သည်ကို ငေးကြည့်နေမိပါ၏..

"ဟေ့..ဘယ်သွားမှာလဲ...ဟိတ်ကောင်လေး"

"ဘယ်သူက ကောင်လေးလဲ...ဘယ်သွားသွား
မင်းအပူလား..!!"

"ခင်ဗျားကဧည့်သည်လေ..ဒါကကျတော့်အိမ်
ဒီကျွန်းမှာခင်ဗျားအသိရှိလို့လား..သွားစရာ
နေရာရှိလို့လား.."

ဘာရယ်မဟုတ်..စိတ်ထဲထင်လို့ပါ..
ကျွန်းနေရာတောင် သေချာမသိပဲစမ်းတဝါး
ဝါးလာသော Baekhyun ဆိုသော သူသည်
ဒီနေရာတွင် အသိ မရှိလောက်ပါ....
ဘာအကြောင်းကြောင့်လာတာလည်းမသိ
သော်လည်း...

လမ်းလျှောက်နေရင်းက ရပ်သွားပြီး ပြန်လှည့်
လာပြီး..

"ဟုတ်တယ်..မင်းလုပ်တာ..မင်းတာဝန်ယူ..
မင်းကြောင့် ငါ့ဘဝပျက်တာ..မင်းအပြီး
တာဝန်ယူ.."

လက်ညှိုးကို ရင်ဖက်နားကို ဆက်ကာ ဆက်ကာ ထိုးရင်းပြော၏...
Seoul style လားပဲ...

ဒါပေမယ့် ကျတော် လုပ်လိုက်တာက အရေး
ပေါ်မို့ အမြန်လုပ်လိုက်ရတာပါ..
သူ့ဘဝတော့ပျက်အောင်တော့မလုပ်မိပါဘူး..
စကားကို ဘယ်လိုတောင်ကြောက်စရာ
ကောင်းအောင်ပြောရတာတုန်း..

ချစ်သောပင်လယ်ပြာحيث تعيش القصص. اكتشف الآن