ချစ်​​သော သူ

3.5K 490 85
                                    

"Chanyeol...Chanyeollie..."

ညဖက်​က အိပ်​​ရေးပျက်​ခဲ့သည်​မို့ သာမန်​နိုးထသည့် အချိန်​ထပ်​ ​နောက်​ကျစွာ...​နေ​တောင်
အ​တော်​​မြင့်​​နေပီ....နံနက်​ 10 ခန့်​​ပေမယ့်​ ကျ​တော့်
ကိုညက အ​ဖော်​ပြု​ပေးတဲ့သူ့ကို လိုက်​ရှာမိတယ်​...

အိပ်​ခန်းထဲမှာ ဟာလာဟင်းလင်း...
အိမ်​​အောက်​တွင်​လည်း လူတစ်​​ယောက်​ရှိ​နေသည်
ဆိုတဲ့အရိပ်​အ​ယောင်​မ​တွေ့ရ​ပေ...

မီးဖို​ချောင်​ထဲတွင်​​တော့ ကျ​တော့်​ကို ကြိုဆို​နေတဲ့
စားပွဲခုံ​ပေါ်မှ ​ကော်​ဖီခွက်​​လေး​တွေနဲ့​ပေါင်​မုန့်
ကြမ်းတစ်​ချို့...

Chanyeol ဘယ်​​ရောက်​​နေတာလဲ..?
ခါတိုင်းမနက်​စာဆို ပူပူ​နွေး​နွေးပြင်​ဆင်​​ပေးတတ်
တဲ့သူက​လေ..​ကော်​ဖီရဲ့အ​ပေါ်ယံလွှာကခပ်​တင်း
တင်းဖြစ်​​နေကာ ​အေးစက်​​နေပီဆိုတာ သိလိုက်​ရ၏..

ကော်​ဖီခွက်​​လေး​ ​ဘေးတွင်​ စာ​လေးတစ်​​​စောင်​..
လက်​​ရေး​က​တော့ အ​တော်​မလှ..ဒါ​ပေမယ့်
ကျ​တော်​ ဖတ်​နိုင်​၏..

ဒီစာက Chanyeol ထားခဲ့တာ...?

"Baekhyunne...မင်းအိမ်​ကိုလွမ်း​နေတယ်​ဆို
တာသိတယ်​...ပီး​တော့ မင်းရဲ့ omma ကို​ရော
လွမ်း​နေတာမလား..?..​တောင်းပန်​ပါတယ်​..
မင်းဘဝအတွက်​အဖိုးတန်​တဲ့အရာ​တွေကို ကိုယ်
ပြန်​ရှာ​ပေးပါ့မယ်​...မင်းရဲ့ Chanyeollie.."

ဟင်​...Chanyeol...

အေးစက်​​နေ​သော ​ကော်​ဖီ​လေး​တွေရယ်​..
တောင်းပန်​ပါတယ်​..မင်းတို့ကိုအ​ရေးမစိုက်​နိုင်
သေးတာ..

Baekhyun အပြင်​ကိုထွက်​သွား​တော့ ​ကောင်းကင်
သည်​မိုးအုံ့​နေ၏...မ​နေ့က​တောင်​ ကြယ်​​တွေထွက်
နေခဲ့တာကို အခုမှ ဘာလို့ မိုးသားအုံ့အုံ့​တွေက
ကောင်းကင်​​ပေါ်မင်းမူ​နေရတာလဲ...

ကောင်းကင်​ကြီးဆိီ ​မေး​မေ့ကာ အပြစ်​တင်​စိတ်​နဲ့
မော့ကြည့်​​နေစဉ်​မှာပင်​ ကျ​တော့်​ပါးပြင်​​ပေါ်သို့
ကြွေချ ကျဆင်းလာ​သော မိုး​ရေစက်​တစ်​စက်​..

ချစ်သောပင်လယ်ပြာOù les histoires vivent. Découvrez maintenant