ချစ်​​သော လမ်းခွဲ

3.1K 478 128
                                    

"ကျ​တော်​..."

"Baekhyun ရယ်​...မင်းပြန်​လိုက်​မှကိုဖြစ်​မှာ​နော်​..."

ဘယ်​လိုသိသွားကျတာလဲ...ကျ​တော်​ အရာရာကို
စွန့်​လွှတ်​ပီး ဒီပင်​လယ်​ကြီးရဲ့အရိ​ပ်​​အောက်
ချစ်​​သော သူ့ရဲ့ အနားမှာ ခိုလှုံမယ်ဆိုတာကို...
ဘာလို့ ဒီ​လောက်​လျင်​လျင်​မြန်​မြန်​သိသွားကျရ
တာလဲ...

ကျ​တော်​ အရင်​ကလို လူကြိုက်​များတဲ့စာ​ရေးဆရာ... Seoul လိုစည်​ကားတဲ့မြို့မှာ​နေနိုင်​တဲ့သူပြန်​ဖြစ်​ရမယ်​ဆိုရင်​​တောင်​ ကျ​တော်​ပြန်​မလိုက်​ချင်​ပါ...ဒီကျွန်း​လေး​...ဒီလိုမျိုး ​နေရတဲ့ဘဝမျိုး​လေးကိုကျ​တော်​သ​ဘောကျတယ်​.

ပီး​တော့.....သူ့ကို​ရော....ကျ​တော်​မထားခဲ့နိုင်​ဖူး...

Seoul ကို ပြန်​လိုက်​သွားပါပီရဲ့...ကျ​တော်​လာခဲ့
တုံးကအချိန်​​တွေလို ရှုပ်​​ထွေးပီးစိတ်​ပျက်​စရာ​တွေ
နဲ့ပြည့်​​နေအုံးမယ်​ဆိုတာသိ​နေသည်​...

အခုဆိုလည်း Seoul ကိုကျ​တော်​သာလိုက်​မသွား
လျှင်​ သူတို့လင်​မယားနှစ်​​ယောက်​လုပ်​ချင်​တာ
လုပ်​ထားလို့ အခွံဖြစ်​​နေပီဖြစ်​​တဲ့ ကုမ္ပဏီ ပြိုလဲ
သွား​တော့မယ့်​အတွက်​​ကြောင့်​ပဲထင်​ပါ၏...။

"ကျ​တော်​ မလိုက်​နိုင်​​ဖူး..​ဒေါ်​လေး..."

ကျ​တော့်​အ​ဖြေအဆုံးမှာ ​ဒေါ်​လေးကရင်​ဖက်​ကို
ဖိရင်း ထိုင်​​နေရာမှ​တစ်​ချက်​ယိုင်​သွား၏..

"သား...Baekhyun..အဲ့လိုလုပ်​လို့မဖြစ်​ဖူး​လေ...မင်း Seoul ကိုပြန်​လိုက်​လာမှ ကုမ္ပဏီ က
ပြန်​ပီးလည်​ပတ်​နိုင်​မှာ...မဟုတ်​ရင်​အ​မေထားခဲ့
တဲ့တစ်​ခုတည်း​သောအ​မွေက အလဟာသ ဖြစ်​သွားလိမ့်​မယ်​.."

ဒေါ်​လေးရဲ့​ယောက်ျားဖြစ်​သူက ​ယိုင်​သွားတဲ့
ဒေါ်​လေးကို ထိန်းကိုင်​ထားပီး ကျ​တော့်​ကို​ဖြောင်း
ဖျ​နေတယ်​...

ကျ​တော်​မ​ပြောဖူးလား...သူ တို့လာရှာတဲ့အ​​ကြောင်းက ကုမ္ပဏီ ပါလို့...

ကျ​တော့်​ကို လိုမှ ကျ​တော့်​ရဲ့​အ​မေ ရဲ့တစ်​ခု
တည်း​သော အ​မွေ ဆိုပြီး ​ကောင်းကင်​ဘုံက
အ​မေ့ရဲ့ နာမည်​ကိုအသုံးချပီး ကျ​တော့်​ကို သူတို့
လောဘရဲ့ဓားစားခံလုပ်​ချင်​ကြတယ်​...

ချစ်သောပင်လယ်ပြာWhere stories live. Discover now