ချစ်သော ကံကြမ္မာ

4.6K 572 24
                                    

"ဒီလောက်လှတဲ့နေရာမှာနေရပြီး ဘာမှ
မှတ်တမ်းမတင်နိုင်ဘူး..Tsk...ငါနော်..!!"

ညနေဆည်းဆာလို့ပြောရမလား..
ပုဇွန်ဆီ အရောင်သမ်းနေသောကောင်းကင်
သည်သိပ်ကိုပင်တောက်ပကာ တိမ်တောက်
နေပြီး ကောင်းကင်ထက် အိပ်တန်းပြန်နေ
ကြပြီဖြစ်သော ပင်လယ်ပျော် မောင်စင်ယော်
တို့...

"Selfie လည်းမဆွဲရဘူး..ငါ့ ig acc လည်း
အခုလောက်ဆို ဖုန်တက်နေရောပေါ့..
Blog လည်းအခုဆို ပျက်သွားပြီလားတောင်
မသိ.."

ဒီနေရာ
ဒီကျွန်း
ဒီပင်လယ်ပြင်
ဒီသဲသောင်
ဒီရေလှိုင်းတို့ ရှိသောနေရာသည် ဆန်းကြယ်
လှပသော်လည်း ပြီးပြည့်စုံမနေပေ...

ကမ္ဘာကြီးနဲ့အဆက်အသွယ်ပျက်နေပြီး မသိ
ရင်း ဟိုးအာဖရိက ချောင်ကြိုချောင်ကြားက
လူမည်းရွာက လူမည်းတောသားတွေအဖြစ်
နဲ့နင်လား ငါလား...

ဖုန်းလည်းမရှိ Laptop လည်းမရှိ Tv
လည်းမရှိ အဆိုးဆုံးကတော့ လျှပ်စစ်မီး
တောင်ပြည့်စုံအောင်မရှိတော့ တစ်နေ့တစ်
နေ့ ထိုင်နေရသော Baekhyun ပျင်းလှ
နေလေပြီ...

တည်းခိုခန်းရဲ့ အရှေ့ဖက်အိမ်တန်းလျား
ရှိတိုင်တွင် ကန့်လန့်ဖြတ်အိပ်လို့ရသောပုခက်
ကြီးကြီးတစ်ခုပေါ်တွင် လှုပ်ကာလှဲအိပ်နေရင်း

"ငါ့ပရိတ်သတ်တွေကတော့ ငါသေသွားပီလို့
တော့မထင်သွားလောက်ကြပါဘူးနော်..
Mola..."

Baekhyun ပုခက်ပေါ်တွင်ပင်နဖူးပေါ်
လက်တင်ထိုင်ရင်း ပျင်းနေတာကိုဘာလုပ်ရ
မလဲစဉ်းစားနေလေသည်...

မျက်လုံးမှိတ်ရင်းနှင့်ပင်တွေးနေရင်း တစ်ခုခု
ကိုစဉ်းစားမိ၍ ပုခက်ထက်မှ လူးလိမ့်ကာ
ထလိုက်တော့ မျက်စိရှေ့ပေါ်လာသော ဆံပင်
ဖွာလန်ကြဲနဲ့မျက်နှာကြီး...

"Park Chanyeol...ဘာလာကြည့်တာလဲ"

လူကိုပြူးတူးပြဲတဲနဲ့ မမြင်ဖူးသလိုလာကြည့်
နေတော့ ကိုယ့်အတွေးနဲ့ ကိုယ် အိမ်ဆောက်
နေတာတောင် လန့်သွားတာပဲ...

"အိပ်နေတယ်ထင်လို့ပါ...ဟို..သွားပြီ.."

ခေါင်းကုတ်ကာ လူးလူးလားလားပြေးထွက်
သွားသောကျွန်းသားသည် ရေငုပ်ဝတ်စုံပြည့် နဲ့...

ချစ်သောပင်လယ်ပြာWhere stories live. Discover now