"ကိုယ့်ဘေဘီလေးက အများကြီးရင့်ကျက်လာတာပဲ~ကျေးဇူးတင်ပါတယ် အခုလို ဆုံးဖြတ်ပေးလို့"
"မလိုပါဘူး အဲ့ဒီအစား Daddy က ကျွန်တော့်ကို အများကြီး ချစ်ပေး ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါဗျာ~"
အမုန်းတွေ အာဃာတတွေ မရှိတဲ့လောကကြီးဟာ ဘယ်လောက်များ အေးချမ်းလိုက်မလဲ။တိုတောင်းလှတဲ့ လောကကြီးမှာ ဟယ်ရီ မကောင်းတာတွေလည်း လုပ်ခဲ့သလို ကောင်းတာတွေလည်း လုပ်ဖူးပြီးပြီပဲ~ရှေ့ဆက်ပြီး အကောင်းဆုံးနေထိုင်သွားတာက အားလုံးအတွက် အကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။
ဘာမဆို ဟယ်ရီလက်ခံဖို့ ကြိုးစားနေပါတယ်။ဒီအမျိုးသားသာ သူ့အနားမှာ အမြဲတမ်းရှိနေမယ်ဆိုရင်ပေါ့~
•
•
•
•
•
~~~~~~~~~~~~
ဇာတ်သိမ်းဖို့တော့ အစီအစဉ်ရှိလို့ ပြန်ပေါ်လာတာပါ ဟဲဟဲ
Hope u enjoy 😉
Zawgyi
ဟယ်ရီ နိုးလာတဲ့ အချိန် သူရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို မြင်လိုက်ရတယ်။သူအိမ်ပြန်ရောက်နေပြီပဲ။
"ဘေဘီ သတိရပြီလား"
Daddy အသံ၊သူခေါင်းကိုလှည့်ကြည့်လိုက်တော့ ခုတင်ဘေးမှာ ထိုင်လျက် သူ့ကို စိတ်ပူသော အကြည့်တွေနဲ့ ကြည့်နေသော Daddy ကိုပင်
"ဘာလို့လဲ~"
ဟယ်ရီ အားမရှိစွာဆိုမိတယ်။လူပေါင်းများစွာထဲကမှ ဘာလို့ သူတို့လဲ~
"ဘေဘီ ဘာတွေ ပြော—"
"ကျွန်တော် အခု ဘယ်လိုလုပ်ရမလဲ Daddy ပဲ ပြော!! ကျွန်တော့အခု ဘာလုပ်ရမလဲ!!!"
စိတ်မထိန်းနိုင်စွာပင် မျက်ရည်များက ပိုးပိုးပေါက်ပေါက်
"ဘေဘီ စိတ်ထိန်းနော် ကိုယ့်ကို အားလုံးပြောပြ ဟုတ်ပြီလား"
ဟယ်ရီ့ကို ရင်ခွင်ထဲ သွင်းကာ ပြောလိုက်တယ်။
တကယ်တော့ ဒရေဂို အကုန် သိပြီးသားပါ~ဟယ်ရီ မေ့နေစဉ်အတွင်း ကိစ္စတော်တော်များများဖြစ်သွားခဲ့တယ်။သူ့အဖေစီကိုလည်း သွားသောင်းကျန်းခဲ့သည်။ဟယ်ရီ့အဖေစီကိုလည်း သွားတောင်းပန်ခဲ့သည်။ သူအကုန် ဖြေရှင်းခဲ့ပြီးပြီ သူကလေးလေး ဆုံးဖြတ်ချက်တစ်ခုပဲ လိုတော့သည်။
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-17{U/Z}
Start from the beginning
