Part-16{U/Z}

272 24 3
                                        

Unicode

"ဂျိမ်းစ် ပေါ်တာ ဧည့်တွေ့လာတယ်!"

ဒီနှစ်တွေထဲမှာ လီလီ ဆုံးသွားပြီးကတည်းက ဘယ်သူ့မှ လာတွေ့သူ မရှိတဲ့ သူ့အတွက် အထူးအဆန်းဖြစ်နေသည်။ခေါ်ရာနောက်ကို လိုက်သွားတော့ ကောင်လေးတစ်ယောက်~

မြင်မြင်ချင်း ထိတ်လန့်မှုနဲ့အတူ ခေါင်းထဲမှာလည်း အတွေးပေါင်းများစွာ ပြေးလွှားနေတယ်၊ကောင်လေးမှာ လီလီနဲ့ သိပ်တူတဲ့ မြစိမ်းရောင် မျက်လုံးလေးတွေနဲ့ မဟုတ်မှ~

"ဂျိမ်းစ်ပေါ်တာ လားမသိဘူး"

"မင်း မင်းက?"

တုန်ရီစွာ သူမေးလိုက်မိသည်။

"ကျွန်တော့်နာမည် ဟယ်ရီ ဝေစလေ မဟုတ်ဘူး ဟယ်ရီပေါ်တာပါ"

လီလီက သူ့ကို ညာခဲ့တာလား~သူတို့ သားလေး သေပြီလို့ ညာခဲ့တာလား ဘာလို့လဲ~

"ကျွန်တော့်ကို တစ်ယောက်ယောက်က ဒီလို ပြောခဲ့တာပဲ ဟုတ်မဟုတ် သေချာချင်လို့ ကျွန်တော် DNA စစ်ချင်ပါတယ် ဦးလေး စိတ်မရှိရင်~"

"ရပါတယ် ဦးဘာကူညီရမလဲ"

"ကျေးဇူးတင်ပါတယ် ဒါဆို..."

ထို့နောက် ပစ္စည်းတစ်ခုကို ယူကာ ဟယ်ရီ ပြန်ထွက်လာခဲ့တယ်~စိတ်ထဲမှာတော့ ထူးဆန်းတဲ့ ခံစားချက်တွေအပြည့်နဲ့ပေါ့~

သူ ဆေးရုံကို မောင်းလာပြီး တစ်ခါတည်း လုပ်စရာရှိတာ အကုန်လုပ်လိုက်သည်~မက်ဖွိုင်း နာမည် သုံးထားတော့ ကိစ္စတွေက ထင်သလောက် မကြာခဲ့ result ရတာနဲ့ ချက်ချင်းပဲ ဟို လူကြီးဆီကို ပြန်လာခဲ့တယ်~သူ့ခေါင်းထဲမှာ အဖြေမရှိတဲ့ မေးခွန်းတွေအတွက် အဖြေရှိတဲ့လူဆီ သွားမှ ဖြစ်မှာပေါ့~

"ထပ်ရောက်လာပြန်ပြီနော် ကောင်လေး"

"ဒီမှာ DNA result ပါ~ကျွန်တော်တို့နှစ်ယောက် သွေးသားတော်စပ်မှုရာခိုင်နှုန်းက ၉၉.၉%"

"ဖေဖေ သိနှင့်ပြီးသားပါ ကိုယ့်ကိုယ်ကိုယ် အဖေလို့ ခေါ်ထိုက်ပါ့မလားမသိပေမယ့်လည်း"

"ဘာလို့လဲ ကျွန်တော့်ကို ဘာကြောင့် စွန့်ပစ်ခဲ့တာလဲ"

"ဖေဖေ မသိဘူး ဖေဖေသိခဲ့သော တစ်ခုတည်းသော အရာက သားသေသွားပြီဆိုတာပဲ"

~DON'T BLAME ME~Where stories live. Discover now