Unicode~
မနက်ခင်း ကျေးငှက်သံလေးတွေနဲ့ ပြတင်းပေါက်ကနေ ြဖာကျလာတဲ့ နေရောင်ခြည်လေးတွေကြောင့် ဟယ်ရီ နိုးလာခဲ့တယ်~
မနက်နိုးနိုးခြင်း မြင်လိုက်ရတဲ့ မျက်နှာချောချောကြောင့် သူ့မျက်နှာဟာ အော်တို ပြုံးပြီးသား~အိပ်နေရင်းတောင် ချောမောမှုက ရပ်တန့်မသွားသော အရှေ့က လူကြီးကို ကြည့်ရင်း သူ စိတ်ဆိုးမိပါသည်~ဒီမျက်နှာချောချောကို သူတစ်ယောက်တည်း မြင်နေရတာမှ မဟုတ်တာ~
တစ်ယောက်တည်း မျက်နှာ အမူအရာပေါင်းစုံ ဖြစ်နေတဲ့ ကောင်လေးဟာ တစ်ခန အကြာမှာတော့ ငြိမ်ကျသွားပါလေရဲ့~~ဟယ်ရီဟာ သူ့ကို ဖက်ရင်း အိပ်ပျော်နေတဲ့ ဒရေဂို့မျက်နှာကို ြဖည်းြဖည်းချင်း ပွတ်သပ်နေရင်း~
"ခင်ဗျားကို သာ ဆုံးရှုံးရရင် မဟုတ်ဘူး အဲ့လို အတွေးတွေ ခေါင်းထဲရောက်လာရင်တောင် ကျွန်တော် ရုးမတတ်ပဲ တကယ်သာ ဆုံးရှုံးလိုက်ရရင် ကျွန်တော် သေသွားလိမ့်မယ်~ကျွန်တော် ဘယ်လိုလုပ်ရမလဲ ခင်ဗျားရယ်~ကျွန်တော်က ခင်ဗျားထင်တာထက်ကို ပိုဆိုးနေရင် ခင်ဗျား ကျွန်တော့်ကို ထားသွားတော့မှာလား~"
ပြောရင်း မျက်ရည်တွေ ကျလာတဲ့ ဟယ်ရီ~ထိုအချိန် သူ့မျက်ရည်တွေကို သုတ်ပေးလာတဲ့ လက်တစ်စုံ~
"ကိုယ့်ကို အဲ့လောက်တောင် အယုံအကြည်မရှိဘူးလား ကလေးလေးရာ~"
"Daddy!"
သူနိုးနေမှန်းသိတော့ အံ့ဩသွားတဲ့ မျက်ဝန်းလေးတွေနဲ့ မော့ကြည့်လာတဲ့ ဘေဘီ~ဒီကောင်လေးကို သူက ဘယ်လို စိတ်နဲ့ ထားခဲ့နိုင်မှာလဲ~
"ဘာတွေဖြစ်နေတာလဲ ကိုယ့်ကိုပြော~"
ကိုယ်အရင်တုန်းကလိုပဲ ဂျစ်ကန်ကန်နဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကိုယ့်ရဲ့အဆိုးလေးကိုပဲ လိုချင်တယ်လေ~ကလေးရယ်
သူမေးတာကို ပြန်မဖြေဘဲ ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ ပိုတိုး၍ငိုလာသော ကလေးငယ်ကြောင့် သူ့ရင်တစ်ခုလုံး မီးလောက်တိုက်သွင်းခံရသလို~နဂိုက မျက်ရည်မလွယ်တတ်တဲ့ ကလေးဟာ အခု ဘာကိစ္စတွေများကြောင့် တစ်သိမ့်သိမ့်တုန်အောင် ငိုနေရသလဲ~သေချာတာတော့ သူ့ကေလးငယ်ကို ပင်ပန်းစေတဲ့ ကိစ္စဟာ သူနဲ့တိုက်ရိုက် ြဖစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ ပတ်သက်နေမှာပဲ~အဲ့တော့ တရားခံဟာ ကိုယ်ပဲပေါ့ သည်းငယ်ရယ်~
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
