Unicode~
"မာမီရေ~~"
"ဟော် ငယ်လေး ဘယ်လိုဖြစ်လို့ရောက်လာတာလဲ"
"မာမီကလည်း မာမီ့ကိုလွမ်းလို့လာတာပေါ့လို့"
"ဟုတ်ပါပြီရှင် အကိုရေ~ရှင့်သားနဲ့သားမက်လာတယ်!!"
"ကျတော်ပါလာတာမြင်သေးလို့ပဲနော်"
"မြင်ပါတယ်အေ"
"ငယ်လေး ဘယ်ကဘယ်လိုရောက်လာတာလဲ"
အပေါ်ထပ်ကဆင်းလာတဲ့ လူစီးယပ် မှ ပြောလိုက်တယ်။
"ဟွန့် မာမီတို့ ဒယ်ဒီတို့ကလည်း ဒါပဲမေးနေကြတယ် ဘာလဲ ငယ့်ကို မလာစေချင်ကြဘူးလား"
"မဟုတ်ရပါဘူးဗျာ ရွှေစိတ်တော် မငြိုငြင်လိုက်ပါနဲ့"
ကျတော်တို့ အိမ်ထောင်ရေးလေး သာသာယာယာရှိနေပြီး မိဘတွေကလည်း ဟယ်ရီကိုဆို သည်းသည်းလှုပ် ငယ်လေး ငယ်လေး နဲ့ ပါးစပ်ဖျားကကို မချဘူး၊တစ်ခါတစ်လေ ဂျစ်တိုက်တတ်တဲ့ ဘေဘီဆိုးလေးကို ထိန်းရတာကလွဲရင် အကုန်ကောင်းပါတယ်။ဟိတ် ပြန်တော့ မပြောကြနဲ့နော်🤫
"ငယ်လေး ထမင်းစားသွားအုံးမှာလား"
"စားမှာပေါ့လို့"
"အဲ့တာဆို ခနစောင့်နေအုံးနော် မာမီ ထမင်းပွဲ သွားပြင်လိုက်အုံးမယ်"
"ဟုတ်"
ဆိုကာ ထမင်းစားခန်းထဲ ဝင်သွားသော မာမီ၊အိမ် အကူတွေကို ခိုင်းရင်ဖြစ်ပါရက်နဲ့ သားမက်လေးက သူ့လာရင် မာမီ့လက်ရာပဲ စားချင်တာ ဆိုသောကြောင့်~~
"Daddy!"
"ပြော ဘေဘီ"
"ပြော ငယ်လေး"
ဒီအခေါ်အဝေါ်ကိ္စ္စလည်း ပြောရအုံးမယ်။အဲ့တာကြောင့်ပဲ ရောက်တိုင်း အဖေနဲ့ ရန်ဖြစ်ရတယ်။အဖေကလည်း မျက်နှာလိုက်ချက်က သူ့သားမက်လေးကိုကျ ဘာမှ မပြော~သူ့သားအရင်းခေါက်ခေါက်ကြီးကို ပဲ ရန်တွေ့~
အဲ့အချိန် သားမက်ကလေးက ဘာလုပ်နေတယ် ထင်လဲ၊ဘေးနားကနေ ထိုင်ခီွနေတယ်လေ~~
"ဒါတော့ ကျတော့်ကို ခေါ်တာ ဟုတ်တယ်မလား ဘေဘီ"
"အွန်း daddy ကိုခေါ်တာ ဒယ်ဒီ့ကို ခေါ်တာ မဟုတ်ဘူး"
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
