Part-8{U/Z}

340 38 1
                                        

Unicode~

"Daddyရေ အဲ့ဒီသေလောက်အောင်ပျင်းဖို့ကောင်းတဲ့အလုပ်တွေကိုပစ်ထားပြီး ဟောဒီက ချစ်ဖို့ကောင်းတဲ့ဘေဘီလေးကို ဂရုစိုက်လှည့်ပါအုံးလို့~"

ဟယ်ရီတစ်ယောက် ရုံးခန်းထဲက ဆိုဖာပေါ်မှာ မှောက်ခုံအိပ်နေရင်း လေးကန်စွာ သံရှည်ဆွဲရင်း အော်နေလေရဲ့~ထိုအခါ အလုပ်လုပ်နေရာက ရယ်လျက်ထလာပြီး ဟယ်ရီရှိရာကို လျှောက်လာတဲ့ ဒရေဂို~

"ဘေဘီငပျင်းလေး ကိုယ်အလုပ်လုပ်တာ ငါးမိနစ်ပဲရှိသေးတယ်လေကွာ~"

"ဟင် ဟုတ်လား"

သူ့ကို မော့ကြည့်ရင်းမေးလာပြန်တော့ ခေါင်းသာအသာ ညိတ်ပြလိုက်တယ်~

"ဘာပဲဖြစ်ဖြစ် Daddy ရာ အဲ့အလုပ်တွေရပ်ပြီး ဘေဘီနဲ့ game တူတူလာကစားပေး"

"ဟုတ်ပါပြီကွာ"

ဆိုကာ Laptopသွားပိတ်ပြီး ဖုန်းတစ်လုံးနဲ့သူ့ဘေဘီဘေး ရောက်ချလာသော ဒရေဂို~

"ကယ် ပြော ဘာGameလဲ"

"တော်ပြီ မဆော့တော့ဘူး ရုပ်ရှင်ပဲကြည့်ရအောင်~"

"အင်း ခနလေး"

ဆိုကာ ဆိုဖာပေါ်ကနေထသွားပြီး စားပွဲပေါ်က Laptopကို သွားယူပြန်တယ်~ပြီးတော့ပြန်ရောက်လာပြီး~

"ရုပ်ရှင်ဆို laptop နဲ့ကြည့် ဖုန်းက screen သေးတယ် ရော့~"

ဆိုပြီး ဟယ်ရီ့ကို ပေးလိုက်တယ်~Laptopရတာနဲ့ အသည်းအသန်ကို ရှာနေသော ဟယ်ရီ~တဖြည်းဖြည်းနဲ့laptopထဲ ခေါင်းဝင်တော့မယ့်ပုံ ဖြစ်လာတာကြောင့်~

"ဘေဘီ အဲ့လောက်ကြီးကပ်မကြည့်နဲ့လေ မျက်လုံးပျက်လိမ့်မယ်"

"ဟုတ်"

ဟုတ်သာပြောတာ အခုထိ မျက်လုံးက Laptop က မခွာသေး~

"ပေး ပေး ကိုယ့်ကိုပေးတော့ ဘာကြည့်မှာလဲ  ပြော~"

"Paddington~"

"ထပ်ကြည့်အုံးမလို့လား ဘေဘီ"

"အင်းလေ ဘာလို့လဲ အဲ့ဒီကားထဲက ဝက်ဝံလေးက ချစ်စရာလေးကို"

"ဟုတ်ပါပြီ ကြည့် ကြည့်"

"အင်း"

"ဘေဘီ"

~DON'T BLAME ME~Tempat cerita menjadi hidup. Temukan sekarang