Part-1{U/Z}

2K 115 20
                                        

Unicode~

~ခွမ်း~

"ဘေဘီ ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး"

ပြောသာပြောတာကြည့်လိုက်တော့ဖန်ကွဲစတွေ ကြမ်းပြင်မှာ အများကြီး~
ဒါ ဘေဘီ ဟယ်ရီ လေး သူ့ကိုမ​ကျေနပ်တိုင်းလုပ်တတ်တဲ့ အကျင့်တစ်ခု၊အိမ်မှာရှိသမျှ ဖန်ခွက်တွေ ပန်းကန်တွေ အကုန်လိုက်ခွဲပြစ်တယ်လေ~

"မင်းလေးကသာ ဘာမှမဖြစ်ဘူးပြောနေတာ၊ဖန်ခွက်တွေက မင်းတစ်ခုခုမကျေနပ်ကြောင်း ​ပြနေတယ်လေ"

"ဘာမှမဖြစ်ဘူးလို့ ပြောနေတယ်လေ"

အတင်းတွေငြင်းနေသောဟယ်ရီဆီကိုသွားပြိီး ခါးကနေပွေ့ချီလိုက်တော့ အတင်းတွေရုန်းနေသော ဟယ်ရီ~

"ဘေဘီ ငြိမ်ငြိမ်နေ မင်းပြုတ်ကျလိမ့်မယ်"

ပြောလိုက်တော့ ဆူပုတ်ပုတ်နဲ့ ငြိမ်ကျသွားတယ်။

ဟယ်ရီကိုယ်လေးကိုချီပြီးတော့ ဖန်ကွဲစတွေကို ရှောင်ပြီး ဆိုဖာ ဆီကိုသွားလိုက်တယ်။ပြီးတော့ထိုင်ပြီး ဟယ်ရီကိုယ်လေးကိုမျက်နှာချင်းဆိုင်ဖြစ်အောင်လုပ်ပြီး သူ့ပေါင်ပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။

"ကယ် ပြောပါအုံး Daddyရဲ့ဘေဘီလေးက ဘာတွေ အလိုမကျဖြစ်နေတာတုန်း"

"ဟိုမိန်းမကဘယ်သူလဲ"

"ဟင် ဘယ်မိန်းမလဲ ဘေဘီရဲ့"

"မနက်က အိမ်ကိုလာတဲ့ မိန်းမ"

"အော် အဲ့တာကိုယ့်အတွင်းရေးမှူးလေ ဘေဘီရဲ့ ကိုယ်Fileတစ်ခုတောင်းထားလို့ လာပို့တာပါ"

"ဘာပဲဖြစ်ဖြစ် အတွင်းရေးမှူးက ယောက်ျားလေးလည်းရတာပဲကို မိန်းမတွေကသိပ်စိတ်ချရတာမဟုတ်ဘူး၊မနက်ကလည်း ပြောနေတဲ့ လေသံကိုက ရုံးပတီသီး အဘွားခေါ်ရမယ့်လေသံနဲ့"

"ယောက်ျားလေး ခန့်လိုက်မယ်ပဲထားပါတော့ အဲ့ဒီတစ်ယောက်ကပါ ကိုယ့်ရဲ့ချောမောမှုကြီးကြောင့် ကို်ယ့်ကိုကြွေသွားရင်ကော"

"Daddyကပြန်ကြိုက်မလို့လား"

"ဒါပေါ့"

"ဘာပြောတယ်!!"

~DON'T BLAME ME~Where stories live. Discover now