Unicode~
မနက် ဒရေဂို နိုးတော့ သူ့လက်မောင်းပေါ် ခေါင်းအုံးပြီး အိပ်နေတဲ့ ဟယ်ရီပထမဆုံးတွေ့လိုက်ရတော့ ပြုံးလိုက်မိတယ်။
ဘေဘီဟာလေ အသက်ဘယ်လောက်ပဲကြီးလာလာ ကလေးလေး အတိုင်းပဲ~ခနနေတော့ လှုပ်လှုပ်ရွရွဖြစ်လာတာနဲ့ သူလည်း မျက်လုံးပြန်မှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။နိုးလာတာနဲ့ တစ်ယောက်တည်းပွစိပွစိ လုပ်နေရင်း ပြီးမှ ကျတော်လက်မောင်းကို ကိုက်ချလိုက်တယ်။
"အား!!!ဘေဘီ ဘာလို့ကိုက်တာလဲ"
"ကိုက်ချင်လို့ကိုက်တာဗျာ"
ဆိုပြီး ဆူပုတ်ပုတ်နဲ့ ပြန်ဖြေတဲ့ဟယ်ရီ~
"ဟောဗျာ ကိုယ့်ဘေဘီလေးက စောစောစီးစီး ကောက်နေပါလား"
"----"
"ဘာတွေကို ကောက်တော်မူနေတာလဲ"
"daddy ကြောင့် ကျောင်းမသွားရတော့ဘူးလေ၊အဲ့တာကြောင့် daddy လည်း အိမ်မှာပဲနေတော့"
"မနေပါဘူး။ကိုယ်ကအလုပ်သွားမှာ"
ဆိုပြီး ရွှတ်နောက်နောက်ပြောလိုက်တော့~
လက်မောင်းပေါ်မှာ သွားရာ နောက်တစ်ခုထပ်ရလိုက်ပါတယ်။
"ဘေဘီ နာတယ်လေ"
"နာပေါ့ဗျာ ကျတော့်ကိုတစ်ယောက်တည်းပြစ်ထားချင်တဲ့ လူကြီး၊နာတာတောင်နည်းသေးတယ်"
"ကိုယ်က ကိုယ့်ဘေဘီလေးကို ပြစ်ထားစရာလားလို့"
"ဟွန့် အခုမှလာပြီး"
"ကယ် စောစောစီးစီးတော့ ကောက်တော်မမူလိုက်ပါနဲ့ဗျာ၊အခု ရေသွားချိုးမယ်၊ပြီးရင် ဘေဘီ့ စိတ်တိုင်းကျအားလုံးလုပ်ပေးမယ်နော်"
"ပြီးတာပဲ ချီ"
"ဟုတ်ပါပြီဗျာ"
ဆိုပြီးကောက်ချီလိုက်တော့ ပုခုံးပေါ်ခေါင်းလေးမှီလာတယ်။ပြီးတော့ ရေချိုးခန်းထဲခေါ်သွားပြီး~
"ကိုယ်ဟာကို ချိုးမှာလား ကိုယ်ချိုးပေးရမှာလား ချွဲစိန်လေး"
"ကိုယ်ဟာကိုချိုးမှာ၊daddyကbreakfast သွားပြင်ထား"
"တူတူချိုးမယ်လေ ဘေဘီကလည်း~"
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
