Part-6{U/Z}

426 44 3
                                        

Unicode~

"ဟယ်ရီလေး~~"

အိမ်ထဲရောက်တာနဲ့ ဟယ်ရီ့ကို အရင်ပြေးဖက်ပါလေသော ဟာမီဝန်း~

"လွမ်းနေတာ"

"မမ ကျတော်အသက်ရှူကြပ်လာပြီ"

"အော် ဆောရီး ဆောရီး"

ဆိုကာ ဟယ်ရီ့ကို ဖက်ထားရာမှ ခွာလိုက်ပြီး~

"မတွေ့တာတောင် တော်တော်ကြာပြီ ဘယ်လိုလဲ ဒရေကို့ ကို အနိုင်ကျင့်လို့ကောင်းတုန်းလား"

"မမတို့ ကိုကို တို့ကလည်း တွေ့တာနဲ့ ဒါပဲမေးနေကြတာပဲ မသိရင် ကျတော်ကပဲ Daddyကို အချိန်ပြည့်နှိပ်စက်နေသလို~"

မကျေမနပ်နဲ့ ပြန်ပြောပြီး ဒရေကို့ပေါင်ပေါ်မှာ သွားထိုင်လေရဲ့~ဟာမီဝန်း နဲ့ ရွန် လည်း သူတို့ မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်တယ်။

"မဟုတ်လို့လား ဟယ်ရီရဲ့ ဒရေဂို မတွေ့တာကြာပြီ"

"အင်း"

အသိအမှတ်ပြုတယ်ဆိုရုံလေးပြန်ဖြေတဲ့ ဒရေဂို့ကို~

"နင်ဟာလေ ကျောင်းတုန်းကအတိုင်းပဲ လူတကာပတ်ချေနေတာ"

"အင်း"

သူ ဒီလောက်အများကြီးပြောနေတာကို အင်းက လွဲပြီး ဘာမှထွက်မလာတဲ့ သူ့သူငယ်ချင်းကို သူလည်းဘာမှ ဆက်မပြောဘဲ မျက်စောင်းတစ်ချက်သာ ပိတ်ထိုးလိုက်တယ်။

"ပြီးတော့ ရွန် ဒီမှာ မေမေတို့ပေးခိုင်းလိုက်တာ နင်တစ်ယောက်တည်း အစားအသောက် အဆင်မပြေမှာဆိုးလို့~"

"အန်တီတို့ကို ကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါ ပြီးတော့ ခနခန တကူးတကကြီး မလုပ်ပါနဲ့လို့ အားနားစရာကြီး"

"ဒီလူနဲ့ ဒီလူ အားနာစရာလား နင်ဟာလေ ရော့"

"အေးပါဟာ ငါက အားနာလို့ပါ"

သူတို့ လေးယောက်လုံး ဟိုအကြောင်းဒီအကြောင်းစပ်မိရင်း စကားကောင်းနေကြတယ်။လေးယောက်ဆိုပေမယ့် ဟယ်ရီနဲ့ ဟာမီဝန်း အသံကသာ အခန်းထဲမှာ လွှမ်းနေသည်။

"ဘေဘီ ပြန်ရအောင်လေ"

"Daddyသဘော"

"ကိုကို ကျတော်တို့ပြန်တော့မယ်"

~DON'T BLAME ME~Where stories live. Discover now