Part-5{U/Z}

480 52 15
                                        

Unicode~

"ကိုကိုရေ!!!"

ရုပ်မြင်သံကြား မဟုတ်ဘူး လူမမြင်အသံကြား~~အပေါ်ထပ်ကနေ အာပြဲကြီးနဲ့လှမ်းအော်နေသော ဟယ်ရီ~

"ဘာတွေဖြစ်နေပြန်ပြီလဲမသိ"

ဆိုပြီး ဒရေဂို သွားကြည့်ဖို့လုပ်တော့ ရွန်ကပြန်ဆွဲချလိုက်ပြီး~

"နေ နေ ငါ့ကိုခေါ်တာ ငါသွားလိုက်မယ်"

"ငါလည်းလိုက်မှာပေါ့ဟ"

နေခဲ့ခိုင်းလည်းမနေမဲ့အတူတူခေါ်လာခဲ့လိုက်တယ်။

သူတို့အပေါ်ထပ်ရောက်တော့ စက္ကူပုံးတွေအလယ်မှာ ထိုင်ကာ တစ်ခုပြီးတစ်ခု လျှောက်ကြည့်နေတဲ့ ဟယ်ရီ~

"ကိုကို့ ကို အလုပ်ရှုပ်အောင်လုပ်နေတာလား ဟယ်ရီ"

"ဟီး ကိုကို ကလည်း ပြန်သိမ်းပေးမှာပါ"

ကျောက်တုံးကနေ ရေထွက်တာမှ ဖြစ်ရင်ဖြစ်နိုင်အုံးမယ်။အမောင်ဟယ်ရီရဲ့ ပြန်သိမ်းပေးမှာပါ ဆိုတဲ့ စကားကို သေတောင်မယုံဘူး။

"ဟုတ်ပါပြီ ဘာလို့ အာပြဲကြီးနဲ့ အော်နေတာတုန်း"

"အော် မေးစရာရှိလို့ ဒီဖုန်းpwလေး ကိုကို မှတ်မိသေးလားလို့"

သူအရင်တုန်းက ကိုင်ခဲ့တဲ့ ဖုန်းလေးကိုထောင်ပြရင်း မေးလာတယ်။

"မှတ်မိတယ်လေ ဘာလုပ်ဖို့လဲ"

"မှတ်မိရင်ပြောလေ ဘာလုပ်လုပ်ပေါ့လို့"

ပြောလိုက်ရင် မကောင်းတော့ဘူး။

"မင်းDaddyရဲ့ မွေးနေ့ မဟုတ်ဘူးလား"

"အော် အင်း Daddy~"

"ပြော"

ဆိုပြီး မေးဆတ်ပြလိုက်တော့ စပ်ဖြီးဖြီးနဲ့~

"Daddy မွေးနေ့က ဘယ်နေ့လဲဟင်"

"2381993"

ဆိုပြီး အောက်ထပ်ပြန်ဆင်းသွားလေရဲ့~

"ဟယ်ရီ မင်းကလည်း ဒါလေးတောင် မှတ်မထားဘူးလား ဒရေဂို ဘယ်လောက်စိတ်မကောင်း ဖြစ်သွားမလဲ"

"ဟာ ကိုကို ကလည်း မသိရင် အသာနေစမ်းပါ"

ပြောလည်းပြော လူကိုယ်တိုင်လည်း စက္ကူပုံးတွေကြားကနေ ထွက်ကာ သူ့Daddyနောက် လိုက်သွားတော့တယ်။

~DON'T BLAME ME~Kde žijí příběhy. Začni objevovat