Part-10{U/Z}

349 35 3
                                        

Unicode~

ဒရေဂို မနက်အိပ်ယာနိုးတော့ သူ့ဘေးမှာ ဟယ်ရီမရှိတော့ဘူး~ပုံမှန်ဆို ဒီကောင်လေးက သူနိုှးမှ နိုးတတ်တဲ့ဟာကို~အခု အစောကြီးထသွားတဲ့ အပြင်အိမ်မှာပါ ရှိမနေဘူး~ကျောင်းကိုလည်း ဒီလောက်အစောကြီး ထွက်သွားစရာအကြောင်းလည်း မရှိပါဘူး~အခု ၇ နာရီခွဲတော့မယ် ပြန်မရောက်သေးဘူး~ဖုန်းတဂွမ်ဂွမ်ဆက်နေပေမယ့်လည်း ဆက်သွယ်မှု ဧရိယာပြင်ပနဲ့ တိုးပေါင်းမနည်းတော့ဘူး~ပြန်ရောက်လာမှ ကောင်းကောင်းဆူပြစ်အုံးမယ် ဆိုပြီး တေးထားလိုက်တယ်~

ဟယ်ရီ့ကို စောင့်ရင်းနဲ့ပဲ ဒရေဂိုတစ်ယောက် ရေချိုးကာ ကုမ္ပဏီသွားဖို့ပြင်တော့တယ်~စိတ်မပူဘူးလားဆိုတော့လည်း ပူတာပေါ့~ဒါပေမယ့် သူ့ဘေဘီအကြောင်း သူသိတယ်လေ~တစ်ခုခုဖြစ်ရင်တောင် ဘယ်တော့မှ ခံရမယ့်သူမဟုတ်ဘူး~အဲ့တာကြောင့် သူလည်း ဆက်စောင့်မနေတော့ဘဲ ထွက်လာခဲ့တယ်~

~~~~~~~~~~

မနက်တစ်ပိုင်းလုံး​ပျောက်နေတဲ့ ဟယ်ရိီဟာ နေ့လည်ကျတော့ သူ့ရုံးခန်းကို စပ်ဖြီးဖြီးနဲ့ ရောက်လာပါပြီ~ဘေးမှာလည်း သူ့အချစ်တော် ဆစ်ဒရစ်လည်း ပါလာလေရဲ့~

"ပြောပါအုံး ကိုယ်တော်ချောလေး ဘယ်တွေများ သဝေထိုးနေတာလဲ"

"ထွေထွေထူးထူးမဟုတ်ပါဘူး Daddy ကလည်း"

"အဲ့တာဆို ဖုန်းမကိုင်ရတဲ့အကြောင်းလေးကရော~"

"အာ အဲ့တာက ဖုန်းက ကျကွဲသွားလို့~"

"ကျကွဲသွားတယ်?"

သူ သံယောင်လိုက်ပြီး မေးလိုက်တော့ ပုတ်သင်ညိုလို ခေါင်းတစ်ဆတ်ဆတ်ညိတ်ကာ~

"အင်း အင်း ဟုတ်တယ် ဆစ်ဒရစ် ပြောပြလိုက်လေ~"

ဆိုကာ ဘေးက ဆစ်ဒရစ်ကို စစ်ကူခေါ်တဲ့သဘောမျိုးနဲ့ တံတောင်ဆစ်နဲ့တို့လိုက်တယ်~

"ဟုတ်တယ် အစ်ကို သူ့ဖုန်းက ကျကွဲသွားတာ မဟုတ်ဘူး သူတမင်ခွဲလိုက်တာ ဖုန်းတဂွမ်ဂွမ်မြည်နေလို့တဲ့"

"ဆစ်ဒရစ် မင်း!"

"အစ်ကို ကျတော်သွားလိုက်အုံးမယ်"

ဆိုပြီး ဟယ်ရီ့ကို လျှာထုတ်ပြောင်ပြကာ သုတ်သုတ်ထွက်သွားတယ်~ကျန်ခဲ့တဲ့ ဟယ်ရီကတော့ ထွက်သွားတဲ့ သူငယ်ချင်းလေးကို မေတ္တာတွေ တသီကြီးပို့ကာ ဒရေဂို့ဘက်လှည့်ပြီး မျက်နှာချိုသွေးပြနေတယ်~

~DON'T BLAME ME~حيث تعيش القصص. اكتشف الآن