Part-17{U/Z}

91 9 1
                                        

Unicode

ဟယ်ရီ နိုးလာတဲ့ အချိန် သူရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို မြင်လိုက်ရတယ်။သူအိမ်ပြန်ရောက်နေပြီပဲ။

"ဘေဘီ သတိရပြီလား"

Daddy အသံ၊သူခေါင်းကိုလှည့်ကြည့်လိုက်တော့ ခုတင်ဘေးမှာ ထိုင်လျက် သူ့ကို စိတ်ပူသော အကြည့်တွေနဲ့ ကြည့်နေသော Daddy ကိုပင်

"ဘာလို့လဲ~"

ဟယ်ရီ အားမရှိစွာဆိုမိတယ်။လူပေါင်းများစွာထဲကမှ ဘာလို့ သူတို့လဲ~

"ဘေဘီ ဘာတွေ ပြော—"

"ကျွန်တော် အခု ဘယ်လိုလုပ်ရမလဲ Daddy ပဲ ပြော!! ကျွန်တော့အခု ဘာလုပ်ရမလဲ!!!"

စိတ်မထိန်းနိုင်စွာပင် မျက်ရည်များက ပိုးပိုးပေါက်ပေါက်

"ဘေဘီ စိတ်ထိန်းနော် ကိုယ့်ကို အားလုံးပြောပြ ဟုတ်ပြီလား"

ဟယ်ရီ့ကို ရင်ခွင်ထဲ သွင်းကာ ပြောလိုက်တယ်။

တကယ်တော့ ဒရေဂို အကုန် သိပြီးသားပါ~ဟယ်ရီ မေ့နေစဉ်အတွင်း ကိစ္စတော်တော်များများဖြစ်သွားခဲ့တယ်။သူ့အဖေစီကိုလည်း သွားသောင်းကျန်းခဲ့သည်။ဟယ်ရီ့အဖေစီကိုလည်း သွားတောင်းပန်ခဲ့သည်။ သူအကုန် ဖြေရှင်းခဲ့ပြီးပြီ သူကလေးလေး ဆုံးဖြတ်ချက်တစ်ခုပဲ လိုတော့သည်။

"ကျွန်တော် ခင်ဗျားကို မဆုံးရှုံးချင်ဘူးဗျာ"

ငိုနေရင်းပြောလာသော ဟယ်ရီ့စကားက ဒရေဂို ရင်ကို ဆွဲညှစ်နေသလို~

"ဘေဘီ ကိုယ့်ကို မဆုံးရှုံးရပါဘူး ဘယ်လို အကြောင်းကိစ္စမျိုးပဲရှိရှိ ကိုယ်က ဘေဘီ့အနားမှာပဲ ရှိမှာ"

"ဒါပေမယ့်—"

"ဘေဘီ ကိုယ့်ကို ကြည့်"

ထိုသို့ ပြောတော့ ရင်ခွင်ထဲက ထွက်လာကာ မျက်ရည်စို့နေသော မျက်ဝန်းများနဲ့ကြည့်လာသည်။ဒီ မြစိမ်းရောင် မျက်ဝန်းတွေက သူ၏အားနည်းချက်ပေဘဲ မဟုတ်လား။

"ကိုယ် အားလုံး သိပြီးသွားပြီ ကိုယ် ဒီလိုတောင်းဆိုတာ မျက်နှာပြောင်တိုက်မှန်းသိပေမယ့် ကိုယ့်အဖေကို ခွင့်လွှတ်ပေးလို့ရမလား"

~DON'T BLAME ME~Where stories live. Discover now