ရွန်၏စိတ်ထဲတွင်တော့ သူ့သူငယ်ချင်းကို ကျိန်ဆဲနေပြီဖြစ်တယ်။ဘယ်နှယ့် ညီတစ်ယောက်လုံးပေးထားတဲ့ ယောက်ဖကို ကြည့်တာ အဲ့လို အကြည့်နဲ့လား၊ညီတော်မောင်ကလည်း မပြောချင်ဘူး၊အမလေးလေး နောက်ဆုံးတော့လည်း ငါ့အမှားပါပဲ

"ငယ်လေး မင်းနော် အေး မှတ်ထား မှတ်ထား"

"တွေ့လား Daddy ကိုကိုက ဘေဘီ့ကို အရမ်းပြောတာပဲ"

"အဲ့တာဆိုလည်း Daddy တို့ ပြန်ကြမယ်လေ"

"ဟုတ်ကဲ့ Daddy"

သူတို့ဟာသူတို့ ပြောချင်ရာပြောပြီး အိမ်ထဲက ထွက်သွားတဲ့ ညီတော်မောင်နဲ့ ယောက်ဖကို ရွန်တစ်ယောက်ကြည့်ရင်း တစ်ယောက်တည်း ဆွံ့အစွာ ကျန်ခဲ့တော့တယ်။တတ်လည်း တတ်နိုင်တဲ့ဟာတွေကွာ~

ကားမောင်းနေတဲ့ ယောင်္ကျားကို ဟယ်ရီ လှမ်းလှမ်းကြည့်ရင်း မသိမသာရော သိသိသာသာပါ ပြုံးနေခဲ့မိသည်။

"ဘေဘီ မြင်နေရတာကို အရမ်းကို ကျေနပ်နေလား"

"ဟီး ကျေနပ်ပါ့"

သူဘယ်လောက်ဆိုးဆိုး ဘယ်တော့မှ စိတ်ပျက်မသွားတဲ့ ဒီလူကြီးဟာ သူ့စကားဆို အမြဲတမ်း တစ်ခွန်းဆို တစ်ခွန်း~

"Daddy~"

"ဗျာ~"

ချိုအီလွန်းပါတယ်ဆိုတဲ့ ပျားရည်တောင် ထိုယောင်္ကျားရဲ့ ထူးသံမှာ အခါခါကျရှုံးရပါလိမ့်မည်။

"မနက်ဖြန်ကျ အိမ်တော်ကို သွားရအောင်"

ထိုသို့ပြောလိုက်တော့ သူ့ကို ကားမောင်းနေရင်းကနေ အံ့ဩတကြီးလှည့်ကြည့်လာတဲ့ အမျိုးသား~

"ဘေဘီ တကယ်ပြောနေတာလား"

"အင်း ကျွန်တော် ဘာကိုမှ စိတ်ထဲမထားချင်တော့ဘူး ကျွန်တော် အခုလိုလုပ်နေတာ Daddy အတွက်လည်း မတရားဘူးလေ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီပဲဗျာ လက်ရှိမှာပဲ ကောင်းကောင်းနေကြရင် မကောင်းဘူးလား လူတိုင်းအမှားနဲ့မှ မကင်းတာ ကျွန်တော်တို့တွေလည်း ခွင့်လွှတ်တတ်ဖို့ သင်ကြရအုံးမှာမလား"

အမြဲတမ်း သူ့ကို အနိုင်ယူတတ်တဲ့ ကလေးငယ်ဆီက ဒီလိုစကားကြားရပြန်တော့လည်း ဒီကလေးရဲ့ စိတ်ကလေးကြောင့် ကြည်နူးမိပြန်တယ်။

~DON'T BLAME ME~Where stories live. Discover now