"ငယ်လေး ဒရေဂို က ဘယ်ချိန်လာခေါ်မှာလဲ"

ရွန်တစ်ယောက် မနက်ကတည်းက သူ့အိမ်မှာ လာသောင်တင်နေတဲ့ ညီလေးကို မေးလိုက်တယ်။ငြိုငြင်တယ်တော့ မဟုတ်ပေမယ့်လည်းပေါ့။

"Daddy က နောက်ကျမယ်ပြောတယ် နည်းနည်း ဘာလို့လဲ ကိုကိုက ကျွန်တော်နေတာ မကြိုက်လို့လား"

"မဟုတ်ရပါဘူးကွာ ခါတိုင်းဆို ခွါချမရတဲ့ မင်းယောင်္ကျားက ဒီနေ့မှ အပျောက်ကောင်းနေလို့ မေးကြည့်တာပါ"

"ဟွန်းနော် ကိုကို မပြောလိုက်ချင်ဘူး"

ချစ်ဖို့ကောင်းစွာ နှာမှုတ်ရင်း ပြောသည့် ညီငယ်လေးကို ရွန် အသည်းယားစွာ ပါးကို ဆွဲညှစ်လိုက်တော့

"ဟာ ကိုကိုနော် Daddy နဲ့ တိုင်ပြောမှာ"

"အမလေးဗျာ ကြောက်ပါတယ်ခင်ဗျာ ကြောက်ပါတယ်"

"ကိုကို ဒါနဲ့ ကိုကိုနဲ့ မမ မီမီ ရဲ့ အခြေအနေရော ကျွန်တော် မင်္ဂလာ သတင်းကြားချင်ပြီဗျာ"

"ဟာ ဒီကောင်လေးတော့ ဘာတွေ လျှောက်ပြောနေတာလဲ"

"ဟီး လူပျိုကြီးတော့ ရှက်နေပြီဗျာ"

"ငယ်လေး မင်း မင်း မပြေးနဲ့"

ဟယ်ရီလည်း ရုတ်တရက်ကြီး သူ့ကိုရိုက်တော့မည်ဟန် လုပ်နေသော ရွန်ကြောင့် ချက်ချင်းပင်ထပြေးလိုက်သည်။

"မဟုတ်တာလည်း မဟုတ်ပဲဗျာ ရှက်မနေပါနဲ့ ကိုကိုကလည်း"

"ဒီကောင်စုတ်လေးတော့ ပြောလေကဲလေပါလား"

ရွန်ကို စရင်း အိမ်တံခါးဖက်ကို ပြေးအထွက်

-အင့်-

နွေးထွေးတဲ့ ရင်ခွင်ကျယ်ကြီးကြောင့် ဘယ်သူလည်း ဆိုတာ မော့ကြည့်ဖို့ပင် မလိုဘဲ ဟယ်ရီသိလိုက်ပါသည်။

"Daddy!"

"ဘယ်လိုတွေတောင် ယောက်ယက်ခတ်နေရတာလဲ ကိုယ့်ကလေးက"

"Daddy ဘာသိလို့လဲဗျာ Daddy ဘော်ဒါက ဘေဘီ့ကို လိုက်ရိုက်နေတာ"

ဟယ်ရီ စကားအဆုံး ရွန်ဆီသို့ ဒိုင်းခနဲရောက်လာတဲ့ အကြည့်စူးစူးတစ်ချက်

~DON'T BLAME ME~Where stories live. Discover now