"Daddy!!"

"ကိုယ်သိပါတယ် အရမ်းလွန်မှန်း ကိုယ်တို့ အတွက်ပဲ ဘေဘီ ကြည့်ပေးလို့မရဘူးလား ကျန်တာ ကိုယ့်ကိုဘဲ ယုံကြည်ပြီး လွှတ်ထားပေးမလား"

ဟယ်ရီ ထိုမျက်ဝန်းတွေကို စိုက်ကြည့်လိုက်သည်။ဒီမျက်ဝန်းတွေ ပထမဆုံးတွေ့ခဲ့တုန်းကလိုပဲ အမြဲ သားရဲဆန်တဲ့ မျက်ဝန်းတွေ ဘဝမှာ ကိုကိုနဲ့(မွေးစား)မိဘတွေ ပြီးရင် အယုံကြည်ရဆုံးလူ သူ့ကို တစ်ခါမှ စိတ်ပျက်အောင် မလုပ်ဖူးသော ဒီလူသားကို ရူးမိုက်တယ် ပြောပါစေအုံး သူရူးရူးမိုက်မိုက် ယုံကြည်ချင်ပါသည်။

"ကျွန်တော်တို့ အတွက်ပဲ ဒါဆိုရင်~"

ဟယ်ရီ အားလုံးကို လွှတ်ချလိုက်တော့မည် သူ့အတွက် သူရှေ့ဆက်မည့် ဘဝအတွက် အလိုအပ်ဆုံးသည်ကား သူ့ရှေ့တွင်ရှိနေသော လူသားပေမို့ အဖေ့ကိုတောင်းပန်ရုံမှ တစ်ပါး~

~~~~~~~~
နှစ်ရက်လောက်နေတော့ ဒရေဂို၏အကူအညီဖြင့် ဂျိမ်းစ်လည်း လွတ်လာလေသည်။

"ဖေဖေ ကျွန်တော့်ကို ခွှင့်လွတ်ပါ"

သူ့ကို တောင်းပန်နေသော သားငယ်လေးကို ကြည့်ရင်း သူစိတ်မကောင်းဖြစ်မိသည်။တကယ်ဆို ကလေးတွေ အပြစ်မှ မဟုတ်ကြသည်ကို~

"ဖေဖေ နားလည်ပါတယ် ဖေဖေ့မှာလည်း အငြှိုးတွေ အာဃာတတွေ မရှိပါဘူး သားရယ် မင်းဘဝမင်းသာ ပျော်ပျော်ရွှင်ရွှင်နေ ဟုတ်ပြီလား ဒီ အဖေကတော့ မင်းနဲ့ ဝေးရာမှာပဲ အေးအေးချမ်းချမ်းနေတော့မယ် နောက်ဘဝကျရင်တော့ အဖေကောင်းအဖြစ် သားနဲ့ဆုံချင်ပါသေးတယ်"

ပြောကာ ထွက်သွားတဲ့ ဖခင်ဖြစ်သူရဲ့ ကျောပြင်ကို ကြည့်ကာ အတွေးပေါင်းများစွာ~ထိုအချိန် ပုခုံးပေါ်ကျရောက်လာသော နူးညံတဲ့ အထိအတွေ့~

"အဆင်ပြေမှာပါ"

"အင်း အဆင်ပြေမှာပါ"

ဟယ်ရီ့အဖေကတော့ အေးရာအေးကြောင်း ကျေးလက်ကလေးတစ်ခုမှာပဲ ဇာတ်မြုပ်နေထိုင်နေတယ်။သူတို့နဲ့လည်း အဆက်အသွယ် မပြတ်ပါဘူး။ဟယ်ရီ့ကတော့ ကိစ္စတွေ ဖြစ်ပြီးသွားကတည်းက ဒရေဂို့မိဘတွေနဲ့ မျက်နှာချင်း မဆိုင်ဖြစ်သေးဘူး။

~DON'T BLAME ME~Where stories live. Discover now