🍁Part 70{Final}🍁

2.1K 52 25
                                    

[Unicode]

မိုးများသည်းထန်စွာ ရွာသွန်းနေသော ညတစ်ည။ ကွယ်လွန်သူများ၏ မှေးစက်နားခိုရာ သုသာန်တစ်စပြင်တွင် ခွန်းဆက်တစ်ယောက် အုတ်ဂူဖြူလေးတစ်ခုအား ဖက်တွယ်ထားကာ စကားများပြောနေသည်။ လူနာဝတ်စုံအပါးလေးသာ ၀တ်ထားသည်ကြောင့် ခန္ဓာကိုယ်လေးက ချမ်းလွန်းလို့ တဆက်ဆက်တုန်နေကာ မေးရိုးများကလည်း ခိုက်နေလေသည်။ သို့သော် ထိုနေရာက မခွာသေး။ မာန် အိပ်စက်နေသော အိမ်ဖြူလေးအား လက်နှစ်ဖက်နှင့်ဖက်ထားကာ နာရီအတော်ကြာ ထိုပုံစံအတိုင်းနေနေလေသည်။

"မကြောက်နဲ့တော့နော် မာန်... မောင် ရောက်လာပြီ...အခုကြောက်စရာမလိုတော့ဘူးနော်... မောင် ဖက်ထားပေးတယ် သိလား... အခုလို ဖက်ထားပေးရင် မာန်မကြောက်တော့ဘူးမလား...ဟုတ်တယ်မလား... မောင် အကြာကြီးဖက်ထားပေးမယ်နော်...အဲ့ဒါဆို မိုးတွေရွာနေလည်း မာန်ကြောက်စရာမလိုတော့ဘူး..."

လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ မိုးရေများ စိုရွှဲနေသော ခန္ဓာကိုယ်လေးက အချမ်းဒဏ်ကြောင့် တုန်ရီနေသည်။ နှုတ်ခမ်းနှစ်လွှာတို့ကလည်း ပြာနှမ်းလို့နေပြီ တဆက်ဆက်တုန်ရီနေသည်။ သို့သော်လည်း ထိုသည်များကို ခွန်းဆက်ဂရုမစိုက်နိုင်။ မာန် မကြောက်တော့အောင်သာ မာန့်၏ခိုနားရာ အိမ်ဖြူလေးကို တင်းကျပ်စွာ ဖက်တွယ်လို့ထားသည်။

"မာန် မှတ်မိသေးလား... အရင်အခါတွေတုန်းက မိုးရွာတော့ မောင် မာန့်ကို ဖက်ထားပေးခဲ့တာလေ... မာန်ကလည်း မောင့်ကို တင်းတင်းကျပ်ကျပ်ပြန်ဖက်ခဲ့တယ်လေ... အခုမာန်က မဖက်ထားပေမယ့် မောင်ဖက်ထားပေးမယ်... မာန် မကြောက်တော့ဘူးမလားဟင်... မောင် သိတာပေါ့... မောင်ဖက်ထားပေးရင် မာန်မကြောက်တော့ဘူးဆိုတာ..."

ပတ်ဝန်းကျင်တစ်ခွင် မိုးသံများနှင့်အပြိုင် ခွန်းဆက်၏ စကားသံများက တိုးတိုးသာသာထွက်ပေါ်နေသည်။ မှောင်မှောင်မည်းမည်း မိုးသဲထဲ ခွန်းဆက်တစ်ယောက် မာန့်ခိုနားရာ အိမ်လေးအား ပွေ့ဖက်ကာ မမောနိုင်မပန်းနိုင် စကားတွေဆိုနေသည်။စကားသံတို့ကလည်း အလွန်တရာနူးညံလို့နေကာ ကလေးလေးတစ်ယောက်အား ချော့ပြောနေသကဲ့သို့ ချိုသာလို့နေသေးသည်။ သို့သော်ကြားရသူအပေါင်းကိုတော့ ရူးသွပ်သွားနိုင်အောင်ထိ နာကျင်မှုတို့ ပေးစွမ်းနိုင်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now