🍁Part 33.3🍁

1.4K 47 8
                                    

[Unicode]

အခန်းအတွင်းကျရောက်လာသော အလင်းရောင်လေးကြောင့် ခွန်းဆက် မျက်ဝန်းတို့ဖွင့်ဟလာလေသည်။ မျက်လုံးဖွင့်ဖွင့်ချင်း လက်မောင်းတစ်ဖက်မှ အလေးချိန်တစ်ခုနှင့် သူ့ခါးပေါ်သို့ ကျရောက်နေသော လက်ကလေးတစ်ဖက်ကြောင့် ဘေးကိုစောင်းငဲ့ကြည့်လိုက်တော့ မျက်လွှာလေးများ ချထားကာဖြင့် နှစ်ခြိုက်စွာအိပ်မောကျနေသော မာန်။ နဖူးပေါ်ဖြာကျနေသော ဆံပင်များကို ကျန်လက်တစ်ဖက်ဖြင့် ခွန်းဆက် သပ်တင်ပေးလိုက်ပြီး တဆက်တည်း အပူချိန်ကိုပါ စမ်းသပ်လိုက်သည်။ မနေ့ညကအတိုင်း မာန့်ကိုယ်အပူရှိန်က နည်းနည်းမှကျမသွားသေးပေ။ ခွန်းဆက် အိပ်မောကျနေသော မာန့်မျက်နှာလေးကို သေချာစိုက်ကြည့်နေပြီး အစိတ်အပိုင်း တစ်ခုစီကိုလည်း လက်ချောင်းထိပ်လေးဖြင့် ဖွဖွတို့ထိကြည့်နေသည်။ အချိန်တစ်ခုကြာပြီးနောက် ငြီးစီစီဖြစ်နေသော ကိုယ်ခန္ဓာကြောင့် မာန့်ခေါင်းလေးကို သူ့လက်မောင်းပေါ်မှ မဖယ်ကာ ခေါင်းအုံးလေးထက်ဖြည်းညှင်း ညင်သာစွာချပေးလိုက်သည်။ မာန့်ကိုစောင်သေချာခြုံပေးပြီး ကုတင်ထက်မှ အသံမထွက်အောင် အသာဆင်းပြီး ရေချိုးရန် သူ့အခန်းဆီသို့ ထွက်လာခဲ့တော့သည်။

Time Skip,

ခွန်းဆက် ရေချိုးပြီး ခါးတွင် သဘက်တစ်ထည်ပတ်လျက် ရေချိုးခန်းထဲက ထွက်လာစဉ် သူ့ကုတင်ထက်တွင် ရှိနေသောပုံရိပ်လေးကြောင့် ထူပူသွားရသည်။ ညအိပ်ဝတ်စုံ နက်ပြာရောင်လေးက ဖြူဖွေးသော အသားအရည်လေးနှင့် လိုက်ဖက်နေကာ ပခုံးတစ်ဖက်ကနေလည်း လျှောကျနေသည်ကြောင့် သိသာစွာမြင်နေရသော collar bone ကြောင့် အခုလေးတင်မှ ရေချိုးပြီးခဲ့သော ခွန်းဆက်တစ်ယောက် လည်ပင်းများခြောက်သွေ့ကာ ရေငတ်လို့လာချေသည်။ အိပ်ရာမှ ချက်ချင်းထလာပုံရသော မာန်၏ ဆံပင်များက ထိုးထိုးထောင်ထောင်။ ကုတင်ထက် တင်ပလ္လင်ခွေထိုင်နေပြီး ခွန်းဆက်အိပ်သော  ခေါင်းအုံးကိုပိုက်ထားကာ မျက်ရည်များဗူးသီးလုံးလောက်ကျအောင် အသံတိတ်ငိုကြွေးနေသော မာန်။ ရေချိုးခန်းထဲကထွက်လာသော ခွန်းဆက်ကို မျက်လွှာပင့်ကြည့်လာပြီး ရှိုက်နေသည်။ ငိုနေတာ ဘယ်လောက်ကြာပြီလဲမသိ မျက်ခမ်းစပ်တို့ပင်ရဲနေကာ မျက်နှာလေးကလည်း အဖျားအရှိန်ကြောင့်လား ငိုထား၍လား ခွဲခြားမရ အနီရောင်သို့ပြောင်းနေသည်။ 

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now