🍁Part 38🍁

1.6K 71 2
                                    

[Unicode]

မျိုးနိုင်တစ်ယောက် ညကြီးအမှောင်ထဲ ပြေးလွှားနေရသည်ကြောင့် အသက်ရှုသံများ တစ်စထက်တစ်စ ပြင်းထန်လာသည်။ အသက်ရှုရပ်မတက်ဖြစ်နေသော်လည်း သူရပ်လိုက်လို့မဖြစ်ပေ။ အနောက်က လိုက်လာနေသည့်လူများကို မျက်ခြေပြတ်အောင် ပြေးလွှားနေရဆဲ။ ညကြီးအမှောင် ဖြစ်နေသည်ကြောင့် ဘာမှမမြင်ရပဲ စမ်းတဝါးဝါးဖြင့် ပြေးနေရသည်က သူ့အတွက် ခက်ခဲနေသည်။ တစ်နေရာသို့အရောက် ချိုင့်တစ်ခုထဲပြုတ်ကျသွားသည်ကို ခံစားလိုက်ရပြီး နာကျင်မှုများကိုလည်း ခံစားလိုက်ရသည်။ အပေါ်မှဖြတ်ပြေးသွားသော ခြေသံများကြောင့် မျိုးနိုင် အသက်ရှုပင်အောင့်ထားမိလိုက်သည်။ ကံကြမ္မာက သူ့ဘက်တွင်ရှိနေသည်ကြောင့် ထိုလူများက သူ့အားမတွေ့သွားခြင်း။ မျိုးနိုင် နာကျင်မှုများကို ကြိတ်မှိတ်ခံစားရင်း နာကျည်းမှုအပြည့်ဖြင့် စကားလုံးတစ်ချို့အား ရေရွတ်လေသည်။

"တောက်!မိုးကောင်းတုန်း ရွာထားအုံးပေါ့ ဌေးသစ္စာ"

*********************************
မာန် မျက်ဝန်းများပွင့်လာချိန်တွင် ပထမဆုံးမြင်လိုက်ရသည်က မျက်နှာကျက်ဖြူဖြူလေး။ အဆမတန် ထိုးကိုက်နေသည့်ခေါင်းကြောင့် မျက်လုံးများကိုပိတ်ပြီး လက်တစ်ဖက်တည်းဖြင့် နားထင်နှစ်ဖက်ကို နိပ်နယ်နေသည်။ ထိုနောက် ခေါင်းကိုစောင်းလိုက်ပြီး မျက်ဝန်းများကိုပြန်ဖွင့်လိုက်တော့ မြင်လိုက်ရသော အခန်း၏တစ်စိတ်တစ်ပိုင်းကြောင့် မျက်ခုံးများစုကြုတ်ကုန်သည်။ ကျန်တစ်ဖက်ကိုဝေ့၀ိုက်ကြည့်မိတော့ မျက်ခုံးများပို၍ တွန့်ချိုးသွားသည်။

ဒါသူ့အခန်းမှမဟုတ်ပဲလေ။ ဘယ်ကနေဘယ်လို ဒီအခန်းထဲသို့ ရောက်လာခဲ့မှန်းမသိ။

မနေ့က အကြောင်းပြန်တွေးမိတော့ ပိုင်စိုးဟန်နဲ့ သူညနေစာစားနေကြသည်။ထို့နောက် သူမျက်ခွံ့များလေးလာသည်အထိပဲ မှတ်မိသည်။

ဒါဆို ဒါပိုင်စိုးဟန်ရဲ့အခန်းပေါ့... သူငါ့ကို ဘာလို့်ခေါ်လာတာလဲ.....

မာန် တစ်ယောက်ထဲတွေးနေစဉ် အခန်းတံခါးဖွင့်သံကြောင့် တံခါးဝကို ကြည့်မိတော့ ဗန်းတစ်ခုကိုင်ကာ အခန်းထဲဝင်လာသော ခွန်းဆက်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now