🍁Part 65🍁

1.4K 46 4
                                    

[Unicode]

"ခွန်းဆက် "

အိပ်ရာပေါ် မျက်လုံးလေးမှိတ်ကာ မှိန်းနေသော ခွန်းဆက်ကိုကြည့်ရင်း မာန့်မျက်နှာပြိုတော့မည်မိုးလို စွေနေသည်။ မာန်ခေါ်တော့ ခွန်းဆက် မျက်လုံးများဖွင့်ကာ မာန့်ကိုကြည့်လာသည်။ ဗိုက်အောင့်နေသည်ကြောင့်ထင် ခွန်းဆက်မျက်နှာလေးက အနည်းငယ်နွမ်းနေကာ နာကျင်မှုကို ခံစားနေရဟန်တူပါသည်။ သန်းခေါင်ကျော်ထဲက ခွန်းဆက် ဗိုက်အောင့်နေသော်လည်း မာန် မနက်နိုးတော့မှ သိခဲ့ရသည်။ ထိုသို့သိခြင်းကလည်း ခွန်းဆက်အသာတကြည်ပြောလို့မဟုတ်။ ခွန်းဆက်မျက်နှာကို အရိပ်လိုကြည့်နေခဲ့သော မာန်က မသာမယာဖြစ်နေသော ခွန်းဆက်မျက်နှာကြောင့် အစ်အောက်ပြီး မေးကာမှ ပြောလာခဲ့ခြင်းဖြစ်သည်။ မာန် ဆန်ပြုတ်ပန်းကန်ကိုကိုင်ရင်း ခွန်းဆက်လှဲနေသော ဘေးတွင်ဝင်ထိုင်လိုက်သည်။

"ထ...ဆန်ပြုတ်လေး နည်းနည်းစား...ပြီးရင် ဆေးခန်းသွားရမယ်"

မာန့်စကားကြောင့် ခွန်းဆက်ဖြည်းညင်းစွာ ထထိုင်ပြီး

"ဆေးခန်းမသွားချင်ဘူး မာန်...ဆေးမသောက်ချင်ဘူး"

"မရဘူးလေး...မင်းဗိုက်အောင့်နေတာကို မသွားလို့မရဘူး...ညတုန်းကလည်း ငါ့ကိုမပြောပဲ တစ်ယောက်ထဲ ကြိတ်ခံနေတယ်...အခုလည်း ဆေးခန်းသွားဖို့ပြောတာကို မသွားဘူးငြင်းနေတယ်...မင်း ငါ့ကိုအလေးမထားတော့တာလား..."

ပြောရင်း မာန့်အသံများက တိမ်ဝင်လို့သွားကာ မျက်ဝန်းပြာလေးမှ မျက်ရည်မိုးတို့ပြိုကျလာတော့သည်။ ထိုပုံစံကို မြင်တော့ ခွန်းဆက် တစ်ချက်ပြုံးလိုက်ရင်း

"ဗိုက်အောင့်နေတာက မောင်ပါ အသည်းရယ်...ခင်ဗျားလေးက ဘာလို့ငိုရတာတုန်း"

"ဘယ်သူကလဲ ငိုချင်နေလို့လဲ...သူ့ဟာသူ မျက်ရည်ကျလာတာကို...ငါက ကျခိုင်းတာမှမဟုတ်တာ...သူ့ဟာသူ ကျလာတာပါဆို အီးဟီးးး"

ပြောရင်း ပိုငိုချလာသော မာန်ကြောင့် ခွန်းဆက် မာန့်ကိုရင်ခွင်ထဲဆွဲထည့်လိုက်ရင်း မျက်နှာထက်မှ မျက်ရည်တို့ကို သုတ်ပေးကာ

"အင်းပါ အင်းပါ...အခုမကျနဲ့တော့...မောင့်အသည်းက ငိုနေတော့ မောင်က ဗိုက်အောင့်တာထက် ရင်ထဲကပိုပြီးနာလာပြီး"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now