🍁Part 30🍁

1.3K 44 2
                                    

[Unicode]

ခွန်းဆက် တစ်ယောက် နာရီတကြည့်ကြည့်ဖြင့် နေမထိထိုင်မသာ ဖြစ်နေသည်။ကုမ္ပဏ်ီစာရင်းများကို စစ်နေသော်လည်း စိတ်က စာရင်းများတွင်ရှိမနေပေ။ မာန်၏ အကူအညီဖြင့် ခွန်းဆက် သူ့ဖခင်၏ ကုမ္ပဏ်ီတွင် အလုပ်ဝင်လုပ်နေသည်မှာ သိပ်မကြာသေးပေ။ ခွန်းဆက် အရက်မူးပြီး ပြန်လာသည့်နောက်ပိုင်းတွင် မာန်နဲ့ခွန်းဆက် ဆက်ဆံရေး အတော်လေး အဆင်ပြေနေခဲ့သည်။ ခွန်းဆက်အပေါ် အရင်ကထက်ပိုပြီး မာန်က စိတ်ရှည်လာသည်။ အခုလည်း စာရင်းများကို ကူစစ်ပေးမည်ဆိုသူက ည၇နာရီထိတိုင်အောင် အ်ိမ်သို့ပြန်ရောက်မလာသေးသည်ကြောင့် ခွန်းဆက် ဖင်တကြွကြွဖြစ်နေခြင်း ဖြစ်သည်။

"သားငယ်... ညစာစားတော့မလား... ၇ နာရီတောင်ရှိနေပြီ"

မီးဖိုခန်းထဲကနေ အန်တီမိုးက ခွန်းဆက်ကို မေးလာသည်။

"ရတယ်... အန်တီ သား မာန်ပြန်လာမှပဲ တူတူစားတော့မယ်"

"မာန်က ပြန်မလာဘူးလေ သားရဲ့"

"ဟင် ဘာလို့"

အန်တီမိုး၏ စကားကြောင့် ခွန်းဆက် ဆွံအစွာပြန်မေးမိသည်။ မနက်အိမ်က မထွက်ခင်ကပင် စာရင်းအတူတူလုပ်ရန် စောစောပြန်လာမည်ဟု မာန် ပြောသွားခဲ့သည်လေ။

"သူငယ်ချင်း ဆေးရုံတက်တာကို စောင့်ပေးမလိုတဲ့... သားဆီဖုန်းဆက်တယ်... သားက မကိုင်လို့ သူအိမ်ဖုန်းကို ဆက်လာတာ"

ထိူအခါမှ ခွန်းဆက် ဖုန်းကိုယူကြည့်မိသည်။ ဟုတ်ပါသည်။ မာန် သူ့အား ဖုန်းခေါ်ထားခဲ့သည်။ သို့ပေမယ့် တစ်ခါတည်းပင်။

"သား အန်တီ ညစာပြင်လိုက်ရတော့မလား"

"နေ နေ အန်တီ... သား မာန့်ဆီ လိုက်သွားလိုက်မယ်"

အလင်္ကာမုန်းမာန်...ခင်ဗျားဟာလေ ဖုန်းတစ်ခါခေါ်လို့ မကိုင်တာနဲ့ နောက်တစ်ခါ ထပ်ခေါ်လို့မရဘူးလား ဟမ်... ကိုင်သာပေါက်လိုက်ချင်တော့တယ် ဟင်းဟင်း.....

ခွန်းဆက် မာန့်ဆီ ဖုန်းပြန်ခေါ်လိုက်သည်။ မာန်က ချက်ချင်းပင် ဖုန်းကိုင်လို့လာသည်။

"အဟမ်း...အလင်္ကာမုန်းမာန်လား ခင်ဗျ"

"ဘာလို့ ဖုန်းဆက်တာလဲ"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now