🍁Part 50🍁

1.2K 34 1
                                    

[Unicode]

"အစ်ကို မင်းကို သိပ်ချစ်တယ် အလင်္ကာ"

မျိုးမာန် စကားအဆုံး ပတ်ဝန်းကျင်က အပ်ကျသံပင် ကြားရလောက်အောင်ပင် တိတ်ဆိတ်သွားတော့သည်။ သစ်ပင်ပေါ်မှ မဟာနဲ့ ခပ်လှမ်းလှမ်းတွင်ရှိနေသော ဟိန်းတို့သည်ပင် မျိုးမာန်ကို အံဩတကြီး ငေးကြည့်မိသွားတော့သည်။ သူတို့ရှေ့တွင် ရှိနေသော မျိုးမာန်က ဘယ်အချိန်ကများ ဒီလောက်ထိ ကဗျာဆန်တတ်သွားသည်လည်း မတွေးတတ်ပဲ ဖြစ်ရသည်။ မနေ့ကအထိ အလင်္ကာအား မည်သည့်စကားများဖြင့် ဖွင့်ပြောရမည်ကို ပျာယာခက်စွာ သူတို့အားလာမေးနေခဲ့သော မျိုးမာန်က အခုတွင်တော့ တစ်ခြားတစ်ယောက် လူစားလဲလိုက်သလိုပင် ပြောသွားသည့်စကားများက ရင်ခုန်ချင်စရာကောင်းလွန်းနေခဲ့သည်။

အလင်္ကာမှာလည်း မျိုးမာန်၏စကားများကြောင့် ရင်ခုန်နှုန်းတို့ မြန်လာသည်မှာ သိသိသာသာပင်။ ယခု သူ့ရှေ့က မျိုးမာန်က အရင်နေ့တွေကနဲ့မတူပဲ တည်ကြည်လေးနက်လို့နေသည်။ မျိုးမာန်အား ယခင်ကတည်းက ချစ်စိတ်တို့ရှိခဲ့သော်လည်း အခုအခါတွင်တော့ အားကိုးချင်စိတ်များနဲ့ ထိုလူသားအား မှီခိုချင်စိတ်များကပါ ပေါက်ဖွားလာတော့သည်။ အလင်္ကာ သူ့အားစိုက်ကြည့်နေသော မျိုးမာန်၏ အကြည့်တို့အား မခံနိုင်သည်ကြောင့် မျက်နှာကိုလွှဲထားမိရသည်။ဘယ်သူကမှ စကားမပြောသေးသောကြောင့် ပတ်ဝန်းကျင်က ငြိမ်ဆိတ်လို့နေသည်။ ထိုအချိန်

"၀ိုးးးစကားတွေက ငါတောင်ကြွေသွားပြီ ဟီးဟီး"

ပြုံးစိစိဖြင့် ရုတ်တရက်ထပြောသော ရွှေစင်ကြောင့် အားလုံး၏ အကြည့်တို့က သူ့ဆီသို့ ရောက်ရှိသွားတော့သည်။

"နင်ကြွေလည်း နင့်ကိုပြောတာမဟုတ်လို့ စိတ်ကူးယဉ်မနေနဲ့"

သစ်ပင်ပေါ်မှ အလင်္ကာနဲ့မျိုးမာန်အပေါ် ပွင့်ဖက်များကြဲချရန် စောင့်ဆိုင်းနေသော မဟာက ရွှေစင်အား လှမ်းပြောသည်။ ရွှေစင်ကလည်း မဟာ့အား မျက်လုံးလှန်ကြည့်ရင်း ရန်ပြန်တွေ့သည်။

"သူတောင်းစား...နင်ဆင်းလာရင် တွေ့မယ်"

"အခုလည်း တွေ့နေတာပဲမဟုတ်လား...ဘာလုပ်ချင်လဲပြော"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now