🍁Part 68🍁

702 28 2
                                    

[Unicode]

ရက်သတ္တပတ် သုံးပတ်ခန့်ကြာပြီးနောက်။

ခွန်းဆက် ကုတင်ထက် ခြေဆင်းထိုင်နေရင်း ပြင်ပကမြင်ကွင်းများကို အသက်မပါသော မျက်လုံးများနှင့် ငေးစိုက်ကြည့်နေသည်။ သူ့မျက်ဝန်းထဲတွင် ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသော လူတို့၏ သွားလာလှုပ်ရှားမှုတို့က ပုံရိပ်ထင်နေသော်လည်း တကယ်တမ်း သူ့အသိအာရုံတို့ထဲတွင် မာန့်ပုံရိပ်တို့ကသာ အသက်ဝင်နေသည်။ ကံကော်ပန်းပင်အောက်က ဒန်းအဖြူလေးပေါ်တွင်ထိုင်ရင်း ကောင်းကင်က ကြယ်ကလေးများကို မော့ကြည့်ကာ ဂစ်တာတီးရင်း သီချင်းဆိုနေသော မာန့်ပုံရိပ်က ခွန်းဆက်အာရုံထဲ နူးညံ့စွာဝင်ရောက်လာသည်။ ဂစ်တာကြိုးများပေါ် ပြေးလွှားဆော့ကစားနေသော မာန့်လက်ချောင်းလေးများကို ခွန်းဆက်ဆုပ်ကိုင်ချင်လာမိသည်။ မာန့်အသံချိုချိုလေးက  လေပြည်များသဖွယ် သူ့နားစည်အတွင်းဝင်ရောက်တိုက်ခတ်လာသလို ကြယ်လေးများကဲ့သို့ တလက်လက်တောက်ပနေသော မိုးပြာရောင်မျက်ဝန်းလေးတို့က သူ့ထံသို့ကျရောက်လာသည်ဟု ခွန်းဆက်ခံစားမိသည်။ ခွန်းဆက် ကြည့်နေတုန်းမှာပင် မာန်ကနှုတ်ခမ်းစွန်းလေးများ ကော့တက်ကာ သူ့အားလှပသော အပြုံးလေးတစ်ပွင့် စွန့်ကြဲလာပြီး နှုတ်ခမ်းလေးလှုပ်ရုံအသံဖြင့်

"မောင်"

နူးညံ့သော အသံလေးက ခွန်းဆက်နှလုံးသားဆီ လာရောက်ထိပါးသည်။ ခွန်းဆက် ထိုပုံရိပ်လေးထံသို့ လက်လှမ်းလိုက်စဉ်မှာပင် မာန်ပုံရိပ်လေးတို့က ပျောက်ပျက်သွားကာ ဆေးရုံဝန်းထဲမှ လူတို့၏ ပုံရိပ်တို့က အစားထိုးဝင်ရောက်လာသည်။ ထိုပုံရိပ်များကိုကြည့်ရင်း ခွန်းဆက်၏ မျက်ဝန်းနက်တို့မှ မျက်ရည်တို့က စီးကျလာတော့သည်။

ရက်သတ္တပတ် သုံးပတ်။ ရက်ပေါင်း ၂၁ရက်။ မာန် သူ့အနားက ထွက်ခွာသွားသည်မှာ ၂၁ရက်တောင်ရှိနေလေပြီဖြစ်သည်။ သို့သော် သူ့ရင်တွင်းဒဏ်ရာတို့ကတော့ မကျက်သေး။ တစ်နေ့ထက်တစ်နေ့ မာန့်ကို သတိရလွမ်းမောစိတ်တို့ကြောင့် အနာက ပို၍ရင်းလာသည်။

မာန်မရှိပဲ သူတစ်ယောက်တည်း ကုန်ဆုံးခဲ့သော ထို၂၁ရက်က သူ့အတွက် ငရဲကျနေရသည့်ရက်များပင်ဖြစ်သည်။ မာန့်အပြုံးတွေကို မြင်ယောင်မိတိုင်း မာန့်အသံလေးတွေကို ကြားယောင်မိတိုင်း မာန်မရှိတော့ဘူးဟူသော အသိတ်စိတ်တို့က၀င်လာပြီး နာကျင်မှုတို့က သူ့အား အညှာအတာမရှိနှိပ်စက်လွန်းလှသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now