🍁Part 63🍁

1.7K 51 1
                                    

[Unicode]

"မာန်ရေ...မာန်လို့"

"....."

"မာန်...အလင်္ကာမုန်းမာန်လေးရေ...အလင်းဆည်းဆာလေးရေ...မောင့်အသည်းညှာလေးရေ...မောင့်မာန်ရေ"

မကျယ်လွန်းမတိုးလွန်းသော သီချင်းသံနဲ့အပြိုင် ခွန်းဆက်၏ မာန့်ကို ခေါ်ဆိုနေသော အသံတို့က ကားလေးအတွင်း ပျံ့လွှင့်နေသည်။ ခွန်းဆက် ကားမောင်းနေရင်း ပြင်ပမှ မြင်ကွင်းများကို ကြည့်ကာ သီချင်းအားခပ်တိုးတိုး လိုက်ဆိုနေသော မာန့်ကိုကြည့်ပြီး ခေါ်နေသည်။ကားပေါ်ရောက်သည့် အချိန်မှစ၍ ပြတင်းပေါက်ဘက်ကိုသာ တိုးကပ်ထိုင်နေပြီး သူ့အား တစ်ချက်တောင်လှည့်မကြည့်။ မင်းမြတ် ဖုန်းချသွားသည့်နောက်ပိုင်း မာန် သူ့ကို စကားမပြောသည့်အပြင် ကြည့်တောင်မကြည့်တော့။ အိမ်သို့ပြန်သော လမ်းတွင်လည်း ငြိမ်သက်စွာ ကားပေါ်လိုက်ပါလာသည်။ သူခေါ်နေသည့်တိုင်အောင် နားမကြားသူလို သူ့အား လျစ်လျူရှုထားသည်။

"မာန်ရေ မာန်လေးရေ...မောင့်အပိုင်လေးရေ...ဒီဘက်ကို လှည့်ကြည့်ပါအုံးဗျာ"

မာန် ခွန်းဆက်ကို ကျောခိုင်းထားရင်း ခပ်တိုးတိုး ရယ်မိသည်။ သူမထူးမချင်း ဆက်တိုက်ခေါ်နေသူက အာမညောင်းသည့်အတိုင်းပင်။ ကြားနေရသည့် သူတောင် မောလာမိသည်အထိ။

"ဒီဘက်လှည့်ပါအုံးဗျာ...မျက်ဝန်းပြာလေးတွေကို လွမ်းလှပြီလို့...ကြယ်ရောင်တောက်နေတဲ့ ပြာလဲ့လဲ့ မျက်ဝန်းလေးတွေကို မမြင်ရတာ ၅မိနစ်တောင်ရှိနေပြီ...မောင့်ကိုကြည့်ပါအုံး အချစ်ရယ်"

မာန် မကြားသလိုဟန်ဆောင်နေရင်း မြင်နေရသည့်မြင်ကွင်းများ၌သာ အာရုံစိုက်လို့ထားသော်လည်း ခွန်းဆက်စကားများကြောင့် ရင်ထဲတွင် ပန်းပေါင်းစုံပွင့်နေသလို ပျားရည်မြစ်ကလေးကလည်း တသွင်သွင်စီးဆင်းနေသည်။ စကားတတ်တိုင်း ပြောနေသူကတော့ မာန့်ရင်ထဲက အဖြစ်အပျက်များကိုမသိပဲ သူအလိုရှိရာကိုသာ တောင်းဆိုနေသည်။ မာန် ခွန်းဆက်အား လှည့်ကြည့်ချင်စိတ်များကို အတော်လေး ထိန်းချုပ်နေရသည်။ သူမလှည့်ကြည့်ပဲနေလျှင် ခွန်းဆက် ဘာဆက်လုပ်မည်ကို သိချင်သောကြောင့် ဖြစ်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Donde viven las historias. Descúbrelo ahora