🍁Part 49🍁

827 25 2
                                    

[Unicode]

သလ္လာဝတီရပ်ကွက်လေး တိတ်ဆိတ်ကာ ငြိမ်သက်နေသည်မှာ ယနေ့နဲ့ဆို ခြောက်ရက်လောက်ပင် ရှိနေပြီဖြစ်သည်။ထိုသို့တိတ်ဆိတိငြိမ်သက်နေရခြင်း၏ အကြောင်းမှာတော့ ရပ်ကွက်၏အမွှေစိန်လေးများက တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဖြေဆိုနေရသည်ကြောင့် ရပ်ကွက်အတွင်း ပတ်မမွှေနိုင်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ရပ်ကွက်သူရပ်ကွက်သားများ အေးချမ်းနေကြတော့သည်။

"ကျုပ်ကလေးတွေ ဖြေနိုင်ပါ့မလားတော်"

ရပ်ကွက်အုပ်ချုပ်ရေးမှူး အိမ်မှ ထွက်ပေါ်လာသော စကားသံ။

"ဖြေနိုင်မှာပါ မိန်းမရ...ငါတို့်ကလေးတွေက တော်ပြီးသားပဲဟာ"

"ကျုပ်ကတော့ စိတ်ပူတယ် တော်ရေ"

သားသမီးမရနိုင်သော အုပ်ကြီးနှင့် အုပ်ကြီးကတော်တို့မှာ အမွှေစိန်လေးတို့အား သားသမီးအရင်းပမာချစ်ကြသည်။

"ဒီတိုင်းထိုင်မနေနိုင်တော့ဘူး...ဆုတောင်းလိုက်အုံးမယ်"

ပြောပြောဆို ဘုရားခန်းထဲဝင်သွားသော အုပ်ကြီးကတော်။ အဖြစ်သည်းကာ အကဲပိုနေသော မိန်းမဖြစ်သူအား အုပ်ကြီး လွှတ်သာ ထားလိုက်တော့သည်။ သူ၏ စိတ်ထဲတွင်လည်း ကလေးများ စာမေးပွဲကို ကောင်းစွာဖြေနိုင်ဖို့ ဆုတောင်းနေသည်ပင် ဖြစ်သည်။

**********

"မမအေးရေ...အမွှေလေးတွေ ဖြေနိုင်မှာပါနော်"

"ဖြေနိုင်မှာပါ...နင်စိတ်ပူနေမယ့်အစား ဆုတောင်းပေးနေ...ကလေးတွေ လွယ်လွယ်ကူကူဖြေနိုင်အောင်"

၁၀တန်း စာမေးပွဲကြီး ဖြေဆိုနေသော အမွှေစိန်လေးများအတွက် စိတ်ပူနေကြသော ရပ်ကွက်မှလူကြီးများ။ ထိုမျှအထိ အချစ်ခံရသော အမွှေစိန်လေးများပင်ဖြစ်ကြသည်။

**********
"ဝေး လွတ်လပ်ပြီကွ"

"လွတ်ပြီ ကျွတ်ပြီ ရေးး"

စာမေးပွဲခန်းထဲမှ ထွက်လာသော ကျောင်းသား တစ်ချို့၏ ပျော်ရွှင်စွာ အော်ဟစ်သံများ။ကျောင်းသားများနည်းတူ ဆရာဆရာမများသည်လေး ရင်နဲ့လွယ်ကာ မွေးခဲ့ရသော ၀မ်းမနာသားသမီးများအားကြည့်ကာ ပြုံးပျော်နေကြသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now