🍁Part 42🍁

1K 55 1
                                    

[Unicode]

"ဒါမျိုးလေးတွေဆို အရသာတော်တော်ရှိမှာပဲ"

အလင်း သူ့လက်အားကိုင်ထားသော ဌေးသစ္စာကို မျက်ရည်များကြားမှ ကြောင်အစွာကြည့်နေမိသည်။ ထိုစဉ်အလင်္ကာ ဌေးသစ္စာ၏ ရင်ဘက်ကို အားဖြင့်တွန်းချလိုက်သည်ကြောင့် 'ဒုန်း'ဆိုသော အသံနဲ့အတူ ဌေးသစ္စာ နောက်သို့ယိုင်ကျသွားသည်။ အလင်္ကာလည်း ဌေးသစ္စာ နောက်ပြန်ကျသွားသည်ကို အခွင့်ကောင်းယူကာ အလင်းကို ချီပြီး အိမ်တံခါးဝသို့ ပြေးလာခဲ့သည်။ ထို့နောက် အလင်းအားကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်စေလိုက်ပြီးနောက် သားဖြစ်သူ၏ မျက်နှာအား ပင့်ကိုင်ကာ

"သား မေမေ့ကိုကြည့်စမ်း"

အလင်းလည်း သူ့မေမေ၏ မျက်နှာကိုကြည့်မိတော့ မျက်ရည်များက တွင်တွင်စီးကျနေသည်ကို တွေ့ရသည်။

"မေမေ"

"ပြေးတော့ သားလေး...ဖိုးဖိုးအုပ်ကြီး အိမ်ကို ရောက်အောင်ပြေး...ငါ့သားလေး လုပ်နိုင်မယ်ဆိုတာ မေမေယုံတယ်...ပြေးတော့"

သူ့အား ယုံကြည်မှုအပြည့်နဲ့ကြည့်ကာ ပြောလာသော မိခင်ဖြစ်သူ၏ စကားအဆုံး အလင်းလည်း ကျောခိုင်းကာ မိုးရေထဲ အားအကုန်သုံးပြီး ပြေးနိုင်သမျှမြန်မြန်ပြေးတော့သည်။

"ဟားဟား...အလင်္ကာရယ် ကလေးက ဘယ်လောက်ပြေးနိုင်မှာမို့လို့လဲ...မျိုးနိုင် ကလေးနောက်ကို လိုက်ပြီး လက်စဖျောက်လိုက်! "

ပြေးနေရင်း အိမ်ထဲမှ ဌေးသစ္စာ၏ အသံတစ်စွန်းတစ်စကို မိုးသံများကြားမှ အလင်းကြားလိုက်ရသည်။ အသက်ရှုရပ်မတက် အလင်းပြေးလာခဲ့သည်မှာ နောက်တွင် မည်သို့ဖြစ်ကျန်ခဲ့မှန်း မသိတော့။ ဖိနပ်မစီးပဲ ပြေးထွက်လာခဲ့သည်ကြောင့် အလင်း၏ ခြေဖဝါးနုနုလေးများက ကျောက်စရစ်ခဲများ၏ရန်ကြောင့် သွေးတို့ထွက်လာသော်လည်း အလင်းမရပ်သေးပဲ ဆက်ပြေးနေသည်။

ကလေးငယ်လေးက မိုးရေထဲ ပြေးနေသည်။အဆက်မပြတ်ပြေးသည်။ မရပ်မနားပြေးသည်။အောက်စီဂျင်မလုံလောက်သည်အထိ မောပန်းလာသောလည်း မနားပဲဆက်ပြေးသည်။

မိုးကသည်းထန်စွာရွာသွန်းနေပြီး လေပြင်းများက တချက်ချက်တိုက်ခတ်လာသည့်အခါ ပြေးနေသော အလင်း၏ ကိုယ်လေးက အချမ်းဒဏ်ကြောင့် ခိုက်ခိုက်တုန်လာသည်။ သစ်ပင်များ အုပ်ဆိုင်းနေသော လမ်းဖြစ်သည့်အပြင် လမ်းမီးတိုင်များကလည်း ဝေးဝေးနေမှ တစ်ခုသာဖြစ်သည်ကြောင့် တစ်ချို့နေရာများတွင် မှောင်မဲလို့နေကာ အလင်း၏ ကြောက်စိတ်ကို အစွမ်းကုန် တိုးထွက်လာနေစေသည်။ အလင်း ဆက်ပြေးဖို့ရန်မစွမ်းသာတော့ပေ။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now