အပိုင်း ၆၁ / ၆၂

123 3 0
                                    



အပိုင်း ၆၁


သူ့မိသားစုက ကလေးမလေးက အရမ်းရိုးရှင်းပြီး လှည့်စားရလွယ်သေးသည်။ သူမက အကျင့်စာရိတ္တကောင်းမွန်ပြီး ဉာဏ်ရည် ထက်မြက်သူ တစ်ယောက်ပဲကို ဘာလို့ ဒီလူတွေက ကြောက်စရာကောင်းတဲ့ နတ်ဆိုးကြီးကို မြင်ခဲ့ရသလိုမျိုး ပြုမူနေတာလဲ?

ကျန်းလော့ကျစ် မသိသည်မှာ အခုသူက ချောင်းမိုရဲ့ ဖယ်ရိုမုန်းရော စိတ်စွမ်းအားတွေနဲ့ပါ ပေါင်းစပ်ပြီးဖြစ်နေသည်ကိုပင်။ ချောင်းမိုက သူမ၏ ဖယ်ရိုမုန်းကို ထိန်းသိမ်းထားရန် သူမ၏ စိတ်စွမ်းအားကို သုံးခဲ့သည့်အတွက် ကျန်းလော့ကျစ်မှာ အလိုအလျောက် ချောင်းမို၏ ဖယ်ရိုမုန်းနှင့် စိတ်စွမ်းအားတို့၏ တွဲဖက်ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အခြားသူများ အပေါ်ဖိနှိပ်ထားနိုင်သည့် ဖိအားကို နည်းနည်းမျှ မခံစားရခြင်းဖြစ်သည်။ 

ချောင်းမိုကို တွေ့လိုက်ရတော့ အခြားသူများက သူမသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုပမာ ခံစားလိုက်ရသည်။ ချောင်းမိုနှင့် အကြည့်ချင်းစုံလိုက်ချိန်တွင် တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ အဆုံးမရှိ နက်နဲပြီး အေးစက်နေတဲ့ ကြယ်ရောင်ကောင်းကင်ကြီးကို မြင်လိုက်ရသလို ခံစားလိုက်ရသလိုပင်။

နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော အမြဲပြောင်းလဲနေတဲ့ ကြယ်ရောင်ကောင်းကင်ကြီးမှာ ဆွဲငင်နေသည့် ချောက်နက်တခုလိုမျိုး မင်း သတိမထားလိုက်သည်နှင့် ပြုတ်ကျသွားနိုင်သည်။

ချောင်းမိုထံမှ သူတို့ခံစားရသည့်အရာသည် လျှို့ဝှက်ဆန်းကြယ်ပြီး မှန်းဆ၍မရပေ။ အပေါ်ယံတွင်တော့ လေသည် ငြိမ်သက်နေပုံရသော်လည်း အမှန်တကယ်တွင် အဆုံးမရှိသော သမုဒ္ဒရာလေစီးကြောင်းက ပြင်းထန်သောမုန်တိုင်းများအကြား သူတို့ကို ဆွဲငင်သွားတော့မလိုဖြစ်နေသည်။

အဲ့တာကြောင့် ချောင်းမိုကို တွေ့လိုက်သည်နှင့် တာဝန်ခံနှင့် စစ်သားများမှာ စိတ်တုန်လှုပ်မိကြခြင်းဖြစ်သည်။

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now