အပိုင်း ၅၃ / ၅၄

455 61 0
                                    


နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၅၃


ချောင်းမိုသည် ကျန်းလော့ကျစ်ကိုကြည့်ကာ "ကောလိပ်တက်တုန်းကလည်း ဒီလိုအခြေအနေမျိုး ကြုံဖူးတယ်။ အဲ့အချိန်​မှာ ကျွန်မဘာ​တွေး​နေခဲ့လဲဆိုတာ မှန်းကြည့် "

ကျန်းလော့ကျစ်က သူမကိုကြည့်ကာ "တစ်ယောက်ယောက်က မင်းအတွက် ပန်းစည်းတွေဝယ်ပေးဖို့ မျှော်လင့်တာလား?"

"ဒါဆို ကိုယ်အခု ပန်းတွေ အကုန် မင်းကိုပေးမယ်။ မင်းမပျော်ရင် ပန်းနှစ်ပွင့်လောက်ကို စိတ်ညစ်တာ လျော့သွားအောင် ချေပစ်လိုက် "

ချောင်းမိုက သဘောကျသွားသည်။

ချောင်းမိုက ပျော်ရွှင်စွာ ပြုံးနေတာကိုမြင်တော့ ကျန်းလော့ကျစ်လည်း သက်ပြင်းချလိုက်သည်။

ချောင်းမိုကို စသိထဲက ခုလောက် စိတ်ဓါတ်ကျနေတာမျိုး မမြင်ဖူးခဲ့ဘူး။ ဗီလာမှာ သူ့ကို ပထမဆုံး အမှတ်အသားပေးတုန်းက သူမစိတ်ဆိုးတုန်းကတောင် ဒီလို မဖြစ်ဖူးပေ။

"အဲ့ဒီတုန်းက..."

ချောင်းမိုက ကျန်းလော့ကျစ်ပေးလာတဲ့ ပန်းတွေကို ကြည့်ပြီး ကျန်းလော့ကျစ် နဲ့ ခဏလောက် ဆက်လျှောက်နေလိုက်သည်။ ကျန်းလော့ကျစ်ထံမှ နွေးထွေးမှုကို အလုံအလောက် စုပ်ယူပြီးနောက် စကားပြောဖို့ စိတ်ခွန်အားရှိလာသောအခါ " အဲ့တုန်းက ကျွန်မ ပန်းရောင်းတဲ့သူဖြစ်ခဲ့တာလေ၊ လော့လော့လို ပန်းအကုန်ဝယ်မယ့်ဒေသခံ ဘောစိတွေနဲ့ တွေ့ရပါစေလို့ နေ့တိုင်းဆုတောင်းခဲ့တာ၊ အဲ့တာမှ စုလို့ရတဲ့ငွေနဲ့ အရသာရှိတဲ့အစားတစ်နပ်လောက် စားနိုင်မှာမလို့လေ "

" အိုး ဒါဆို မိုမို့ အမြင်မှာ ကိုယ်က အမြဲတမ်း ဘောစိအာဏာရှင်တစ်ယောက်ဖြစ်နေခဲ့တာပေါ့ " ကျန်းလော့ကျစ်သည် တမင် အံသြသည့်ပုံလုပ်ပြပြီး ချောင်းမိုနားမှီလိုက်ကာ သူမနားထဲ တီးတိုးပြောလိုက်သည်။ " အဲ့တာဆို ဒီ ဘောစိအာဏာရှင်ကြီးက မင်းကို စောင့်ရှောက်ချင်နေတာ၊ မင်း ဆန္ဒရှိလား? "

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now