အပိုင်း ၅၇ / ၅၈

604 80 3
                                    


နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၅၇

သူမ၏ အိုမီဂါတွေအပေါ် စာနာမှုက သူတစ်ဘဝလုံး ခံစားခဲ့ရသော နာကျင်မှုနဲ့ ကြောက်ရွံ့မှုတွေကို ဘာမှမဟုတ်ဘူးလို့ ခံစားရစေခဲ့သည်။

သူသည် အိုမီဂါတစ်ယောက်ဖြစ်သော်လည်း အိုမီဂါဆိုတဲ့ အထောက်အထားကို မရင်ဆိုင်ခဲ့ပေ။ အဲ့အစား သူ့အစစ်အမှန် အမျိုးအစားကိုတောင် ငြင်းပယ်တယ်၊ မုန်းတီးခဲ့တယ်၊ မထီမဲ့မြင်ပြုခဲ့သေးသည်။ သူ့ကိုယ်သူ တတ်နိုင်သလောက်ဖုံးကွယ်ထားပြီး သူ့လိင်ကို လုံးလုံးလျားလျား မြှုပ်နှံပြီး ဖုံးကွယ်ဖို့ သူတတ်နိုင်သမျှ အကုန်လုပ်ခဲ့ကာ သူ့ကိုယ်သူ လုံးဝ ခွဲထုတ်ချင်နေခဲ့သည်။

ဒီလိုငြင်းပယ်ခြင်းနှင့် စွန့်လွှတ်ခြင်းမျိုးသည် မိမိကိုယ်ကို ရှုတ်ချရုံသာမက ကိုယ့်ဘာသာ နှိပ်စက်ညှဉ်းပန်းခြင်းမျိုးလည်းဖြစ်သည်။

ဒါပေမယ့် နှစ်တွေကြာအောင် သူလုပ်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က သူ့လိင်နဲ့ မဆိုင်ခဲ့ဘူး။ အဲဒါက သူ့ရဲ့ အရည်အချင်းဖြစ်ပြီး အဲဒီပြင်ပအရာတွေနဲ့ ဘာမှမပတ်သတ်ပေ။ သူ့ကိုယ်သူ ခိုင်ခိုင်မာမာ အသိအမှတ်ပြုနေနိုင်သရွေ့တော့ ဘယ်လိုလိင်အမျိုးအစားပဲဖြစ်ဖြစ်၊ ကိစ္စမရှိပါဘူး။

မမျှော်လင့်ဘဲ နှစ်ပေါင်းများစွာအကြာ သူသည် ချွမ်းရှီကုမ္ပဏီ အဆောက်အဦး၏ ထိပ်တွင် ရပ်နေပြီးအောက်လူများကို အပေါ်စီးမှကြည့်ကာ သူကိုယ်သူ သွေးအေးပြီး ဆုံးဖြတ်ချက် ပြတ်သားသူဟု အမြဲထင်ခဲ့သော်လည်း သံသယလွန်ကဲပြီး မာနကြီးသူဖြစ်နေခဲ့မှန်း မသိခဲ့ပေ။

အဆုံးမှာတော့ ကလေးမလေးတစ်ယောက်က သူ့လက်ကိုဆွဲပြီး အတိတ်ရဲ့အမှောင်ထဲကနေ ဆွဲထုတ်ပေးလိုက်သည်။

အတွင်းရေးမှုး ကျန်းက စကားဆက်ပြောနေသော်လည်း ကျန်းလော့ကျစ် ရုတ်တရက် ထရပ်လိုက်သည်။

အတွင်းရေးမှူး ကျန်းက စကားရပ်လိုက်ပြီး ကျန်းလော့ကျစ်ကို သံသယဖြစ်နေသော အမူအရာဖြင့် မေးခဲ့သည်။ “မစ္စတာ ကျန်း၊ ကျွန်တော် တစ်ခုခုမှားပြောမိပြန်လို့လား?"

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now