အပိုင်း ၃၉

791 97 1
                                    

Unicode

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၃၉

ကျန်းလော့ကျစ်က သူ့နှုတ်ခမ်းများကို စေ့ပိတ်လိုက်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက နွေးထွေးမှုကို ပြသခဲ့တယ် " မင်းတကယ်အဲ့လိုထင်တာလား? ကိုယ်က အိုမီဂါတစ်ယောက်သိသင့်တဲ့ ချက်ပြုတ်တာနဲ့ အိမ်မှုကိစ္စတွေတောင် မလုပ်နိုင်ဘူးလို့ မထင်ဘူးလား?"

“ကျွန်မ အသားတင်တန်ဖိုးက တစ်သန်းတောင် မရှိဘူး ကျွန်မ ရှင့်လောက် ပိုက်ဆံမရှာနိုင်သလို ရှင့်လောက်လည်း စတော့ဈေးကွက်မှာ အစွမ်းမထက်ဘူးလေ။ အဲ့တာကြောင့် ကျွန်မက အယ်လ်ဖာ မဟုတ်ရတော့ဘူးလား? ကုန်ကုန်ပြောရင် ရှင့်လောက်တောင် အရပ်မရှည်ဘူး "

ကျန်းလော့ကျစ်သည် ချောင်းမို ကိုကြည့်ရင်းတွေးလိုက်မိသည်။ တကယ်လို့ ချောင်းမိုသာ ဆန္ဒရှိမယ်ဆိုရင် သူမအတွက် ကတ်တကတ်ဖွင့်ပေးပြီး အကန့်အသတ်မဲ့ ငွေပမာဏကို သုံးစွဲစေနိုင်သည်။ သူက ချောင်းမိုကို ရှယ်ယာတွေလည်းပေးနိုင်ပြီး အချမ်းသာဆုံး အယ်လ်ဖာဖြစ်အောင် လုပ်ပေးနိုင်တယ်။ 

ဒါပေမယ့် ချောင်းမိုက သူ့ရဲ့ ပိုက်ဆံကမ်းလှမ်းတဲ့ပုံစံကို မုန်းပုံပေါ်တာကြောင့် ဒီစကားတွေကို မျိုချရုံပဲတတ်နိုင်ခဲ့သည်။

ချောင်းမိုက ကျန်းလော့ကျစ်ကို တားလိုက်နိုင်ပြီလို့ထင်ခဲ့သည်။ သူမက ပြုံးပြီးပြောလိုက်သည်။ “ကျွန်မက ပိတ်ထားတဲ့ တံခါးတွေနောက်က ကိုယ်ပိုင်ဘဝမှာပဲနေတယ်။ တခြားသူတွေ ဘယ်လိုထင်လဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မက လိင်အမျိုးအစားတွေကိုလည်း ဂရုမစိုက်တဲ့အတွက် လော့လော့ဘယ်လိုလူမျိုးလဲဆိုတာလည်း အများကြီးစဥ်းစားနေဖို့ မလိုဘူး "

ကျန်းလော့ကျစ်သည် နွေးထွေးသော အကြည့်များဖြင့် စိုက်ကြည့်ကာ အသံတိုးတိုးဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါက ဒီနှစ် ပထမနှစ်ဝက်အတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်းခွဲတွေအားလုံးဆီက အစီရင်ခံစာပါ။ ကျွန်တော်တို့ နှစ်ဝက်အတွင်း ရုံးချုပ်မှ ချပေးခဲ့တဲ့ စီမံချက်တွေလည်း အောင်မြင်ခဲ့ပါပြီ။ ကျွန်တော်တို့ စီစဥ်ထားတာက..." 

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now