အပိုင်း ၃၅

804 108 0
                                    

Unicode

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၃၅


ပိုင်ယွဲ့ကွမ်း အံ့အားသင့်သွားပြီး ကျန်းလော့ကျစ် ချောင်းမိုအကြောင်း ပြောနေတာကို သိလိုက်ရတော့ သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။ ကျန်းလော့ကျစ်နှင့် ချောင်းမိုသည် အတူရှိဆဲလို့ထင်လိုက်သည့်အတွက် သူမ အနည်းငယ် အံ့သြသွားရသည်။ သို့သော် ကျန်းလော့ကျစ်သည် အိုမီဂါဖြစ်ပြီး ချောင်းမိုသည်လည်း အိုမီဂါတစ်ယောက်ပင်။ သူတို့နှစ်ယောက်က လိင်တူဆက်ဆံရေးတခုတည်ဆောက်ကြတော့မလို့လား။ အဲ့လိုဆို ကျန်းလော့ကျစ်က အာဏာရှိတာမှန်ပေမယ့် ကျန်းမိသားစုကတော့ လုံးဝသဘောတူမှာမဟုတ်ဘူး။ 

ခဏလောက်တော့ သူမ ဘာပြောရမှန်း မသိဖြစ်သွားသည်။

ထိုအချိန် အောက်ထပ်မှ ကျယ်လောင်သော လက်ခုပ်သံများနှင့် လေချွန်သံများ ထွက်ပေါ်လာပြီးနောက် ကျန်းလော့ကျစ်သည် ရင်းနှီးနေသောအသံကို ရုတ်တရက်ကြားလိုက်ရသည်။ သူ့မျက်လုံးများက အနားပတ်လည်ကို တစ်ချက်ကြည့်လိုက်မိပြီးနောက် မျက်မှောင်ကြုတ်ကာ ထရပ်ပြီး စင်္ကြံလက်ရမ်းနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ပထမထပ်ရှိ စင်မြင့်ကို ငုံ့ကြည့်လိုက်သည်။

ချောင်းမိုသည် စင်မြင့်ပေါ်တွင် ရပ်ကာ ပျော်ရွှင်စွာ ပြုံးနေသည်။ သူမသည် စိတ်အားထက်သန်မှုအပြည့်နှင့် စိတ်လှုပ်ရှား တက်ကြွနေသည်။ သူမသည် အလွန်နူးညံ့ချိုမြိန်သော အသွင်အပြင်ရှိခဲ့သော်လည်း ဒရမ်တုတ်ချောင်းကို ကိုင်လိုက်သည်နှင့် အမည်မသိစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသလို သူမ၏ စိတ်နေစိတ်ထားရော မျက်လုံးအကြည့်များကပါ စိုးမိုးမှုအပြည့်ဖြစ်သွားသည်။ ပြင်းထန်သော ဂီတသံသည် လူအများ၏ ခြေထောက်များကို အားနည်းသွားစေခဲ့သည်။

ကျန်းလော့ကျစ်သည် စင်ပေါ်တွင် ဘုရင်မတစ်ပါးကဲ့သို့ ပေါက်ကွဲစေနိုင်သော စွမ်းအားအပြည့်ဖြင့် လွှမ်းမိုးနိုင်သော ချောင်းမို၏ ယခုလို ပုံစံကို တခါမှ မမြင်ဖူးခဲ့ပါ။

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now