အပိုင်း ၂၇

979 119 0
                                    

Unicode

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၂၇


သူမ၏ မျက်လုံးများသည် သူမ မသိနိုင်သော လွှမ်းမိုးချုပ်ကိုင်မှုတစ်မျိုးနှင့် ရုတ်ခြည်း ရန်လိုသည့်သဘောကို သယ်ဆောင်လာသည်။ ကျန်းလော့ကျစ်ကို မြင်တော့ ထိတ်လန့်တကြားနဲ့ သူမရဲ့ ခန္ဓာကိုယ်ကို အနည်းငယ် ရွေ့လိုက်ပြီး ရှက်ရွံ့တဲ့အသံနဲ့ “ဒါ ကျွန်မကြောင့်ပါ။ ပြဿနာက ရှင်နဲ့ဘာမှ မဆိုင်ပါဘူး။"

ကျန်းလော့ကျစ် ငိုတာရပ်သွားတော့မှ ချောင်းမိုက သက်ပြင်းတစ်ချက်ချလိုက်သည်။

ကျန်းလော့ကျစ်၏ ရှက်ရွံ့မှုကို မြင်လိုက်ရသဖြင့် သူမ “ကျွန်မ အကူအညီလိုသေးလား” ဟု သေသေချာချာ မေးလိုက်သည်။

ကျန်းလော့ကျစ်သည် နောက်မှသူ၏ လက်ရှိ အနေအထားကို သတိထားမိသွားပြီး ရှက်ရွံစွာ အသံတိုးတိုးဖြင့် ပြောခဲ့သည်။ "မလိုပါဘူး" 

သူမတ်တပ်ရပ်ဖို့ ကြိုးစားလိုက်ပေမယ့် မအောင်မြင်ခဲ့ပေ။

ချောင်းမိုသည် ABO ကမ္ဘာတွင် အမြဲတမ်း အားကောင်းပြီး အစွမ်းထက်သော သူဌေး ကျန်းသည် အမှတ်အသားပြုပြီးနောက် မတ်တပ်ပင် မရပ်နိုင်ဖြစ်မည်ဟု မမျှော်လင့်ထားသောကြောင့် သူမသည်လည်း ထရပ်လိုက်ပြီး ကျန်းလော့ကျစ်ကို ကူပေးလိုက်သည်။

သို့သော်လည်း ကျန်းလော့ကျစ်သည် သေချာမလျှောက်နိုင်သေးဘဲ ချောင်းမိုမှာ ခြေလှမ်းနှစ်လှမ်းလှမ်းပြီးသည်နှင့် ရပ်ရပ်နေရသည်မှာအလွန်အဆင်မပြေသောကြောင့် သူမ ကျန်းလော့ကျစ် ကို အလျားလိုက် တိုက်ရိုက်ပွေ့ဖက်ကာ မင်းသမီးချီနည်း ပွေ့ချီလိုက်သည်။

မူလက ချောင်းမိုသည် ကျန်းလော့ကျစ်ကို အလျားလိုက် ပွေ့ဖက်ထားရန်မှာ ပို၍ခက်ခဲမည်ဟု ထင်ခဲ့သည်။ ပြောရမယ်ဆို ကျန်းလော့ကျစ်သည် အရပ်ရှည်ပြီး သွယ်လျသော အမျိုးသားတစ်ဦးဖြစ်ပြီး သူမ၏ အရပ်အမောင်းနှင့် အလေးချိန်က ကျန်းလော့ကျစ်နှင့် မယှဉ်နိုင်ပါ။

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now