Description

8.3K 324 31
                                    

Unicode

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

Description

ဓာတ်ခွဲခန်းမှာပဲ  အမြဲတမ်းသူမကိုယ်သူမမြှုပ်နှံထားသော  ချောင်းမိုဟာ သူမရဲ့ စိတ်စွမ်းအားတွေကုန်ဆုံးသွားပြီးတဲ့နောက် သေသွားခဲ့ပြီး  ညှင်းပန်းနှိုပ်စက်မှုမှာပျော်မွေ့ဖွယ်ဝတ္ထုအမျိုးအစားရဲ့ အမျိုးသမီးအရံဇာတ်ကောင်တယောက်အဖြစ်သို့ကူးပြောင်းလာခဲ့သည်။

အဲ့အရံဇာတ်ကောင်က လူတိုင်းမုန်းတဲ့ အသုံးမကျ ရူးမိုက်ပြီး ရုပ်ရည်အပေါ်ယံပဲရှိတဲ့ဇာတ်ကောင်မျိုးဖြစ်သည်။

ချောင်းမိုနဲ့ ချိတ်ဆက်မိသွားတဲ့ အရံအမျိုးသမီးဇာတ်ကောင်ရဲ့တန်ပြန်တိုက်စစ် system က အားပေးလိုက်သည်။
" Host အခုချိန်က host မှာ စံချိန်တင်လောက်တဲ့ ကူးပြောင်းသူရောင်ဝါရှိတယ်ဆိုတာ သက်သေပြရမယ့်အချိန်ပဲ၊ အချစ်ရော ဘဝလမ်းကြောင်းမှာပါ အောင်မြင်တဲ့ အမျိုးသမီးအရံဇာတ်ကောင်ဖြစ်လာပြီး ဘဝရဲ့အထွက်အထိပ်ကို တက်လှမ်းလိုက်တော့။ မင်းလုပ်နိုင်တယ် host !!! "

ချောင်းမိုက ခမ်းနားလှတဲ့ ဇိမ်ခံမွေ့ယာကြီးပေါ်မှာ လဲလျောင်းပြီး လေယာဥ်နဲ့ပို့လိုက်တဲ့ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေစား၊ လစာတွေအများကြီးကိုနေရေတွက်ရင်း ပြောလိုက်သည်။
" ငါထပ်ပြီးအလုပ်မကြိုးစားချင်တော့ဘူး လူတွေအသက်ကြီးလာရင်သွားပြဿနာတွေရှိလာတယ် အဲ့တာမလို့ ဆန်ပျော့လေးကအရသာအရှိဆုံးပဲ "

* ( ဆန်ပျော့ကိုစားတယ်ဆိုတာက ဘာမှမလုပ်ပဲ တယောက်ယောက်ရဲ့ကစားစရာလေးအဖြစ်စားလိုက်ဖြုန်းလိုက်နေတာကိုပြောတာပါ ) *

လရောင်ဖြူလေးက တရုတ်ကိုပြန်လာတော့မယ့်အချိန်နားရောက်လေလေ system က ချောင်းမိုကို တွန်းအားပေးလေလေပဲ။
" Host ဒီ ' အစားထိုးလေးသုံးယောက်လေ့ကျင့်ရေး ' စာအုပ်ထဲက လေ့ကျင့်ရေးနည်းလမ်းတွေကိုသုံးပြီး လရောင်ဖြူကို နည်းလမ်းပေါင်းစုံနဲ့တိုက်ထုတ်ရမယ် ပြီးရင် အားလုံးမနာလိုရတဲ့ မစ္စကျန်း ဖြစ်လာရမယ်နော် host "

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now