အပိုင်း ၁၇

1K 140 0
                                    

Unicode

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၁၇

ချောင်းမိုသည် ကျန်းလော့ကျစ်မှာ သူ့မာနကြောင့်  ဒီလိုရှက်စရာကောင်းတဲ့ အနေအထားမျိုးကို မတွေ့စေချင်၍ ငြင်းဆန်နေသည်ဟု ထင်ပြီး " ကျွန်မ ရှင့်ကို ကူပေးမယ် "

ကျန်းလော့ကျစ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ထေ့ငေါ့ငေါ့ ပြုံးလိုက်သည်။

ပျက်စီးလုနီးပါး ခန္ဓာကိုယ်က ဖြစ်ပေါ်လာတဲ့ heat ကာလနဲ့ ဖယ်ရိုမုန်း ကစဥ့်ကလျား ဖြစ်မှုက သူထင်ထားတာထက် ပိုကြောက်စရာကောင်းသည်။ အယ်လ်ဖာ၏ ဖယ်ရိုမုန်းနဲ့ နှစ်သိမ့်ပေးတာမျိုး မရှိသရွေ့ သူ့ ခန္ဓာကိုယ်က အခုကဲ့သို့ ဆက်လက် ယိုယွင်းနေဦးမည်သာ ဖြစ်သည်။

နောက်တစ်စက္ကန့်မှာ လုံးလုံးကွဲထွက်သွားတော့မည့် အစွမ်းကုန် ဆွဲဆန့်ထားသော ကြိုးတချောင်းလိုပင်။

သူသည် ညစ်ပတ် လောဘကြီးသော မရောင့်ရဲနိုင်သည့် အိုမီဂါတစ်ယောက် ဖြစ်လာလိမ့်မည်။

တစ်နည်းဆိုရသော်၊ သူသည် သူ ရွံရှာရဆုံးသော အသွင်အပြင်၊ အယ်လ်ဖာကို တောင်းဆိုနေဖို့ လိုအပ်သော အိုမီဂါမျိုး၊ ရှင်သန်ရန်အတွက် အခြားသူများ၏ ကစားခြင်းကို ခံရမည့်သူမျိုး ဖြစ်လာလိမ့်မည်။

အခုလို အိုမီဂါဖယ်ရိုမုန်း နည်းနည်းလေးကြောင့် သူ့ရဲ့ heat ကာလကို အစပျိုးနိုင်လိုက်သလိုမျိုးသာဖြစ်၏။ သူ  ဓါတ်လှေကားထဲသို့ ရောက်အောင်သွားနိုင်ပြီး အိပ်ခန်းထဲမှ ထိုးဆေးကိုယူနိုင်သရွေ့ အခု ပရမ်းပတာဖြစ်နေသမျှအားလုံး အဆင်ပြေသွားလိမ့်မည်။

သို့ရာတွင် ပုံမှန်ဆို နှစ်လှမ်း သုံးလှမ်းလောက်နဲ့ ရောက်သွားမည့် ဓါတ်လှေကားက ဒီနေ့မှာတော့ ဘယ်နည်းနဲ့မှ မတက်လှမ်းနိုင်မည့် အဝေးမှ တောင်တတောင်ပမာ ဖြစ်နေတော့သည်။

အကယ်၍ သူသာ ဆက်ပြီးတောင့်ခံနေမယ်ဆိုရင် heat ကာလက လုံးဝ ပေါက်ကွဲပေါ်ထွက်လာပြီး ချောင်းမိုရှေ့ ဒီ ညစ်ပတ်မှောင်မဲသော ဂိုထောင်တွင် သူ၏ ရွံရှာဖွယ်တစ်ဖက်ခြမ်းကို ပြသသွားမိနိုင်ပေသည်။

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now