အပိုင်း ၅၉ / ၆၀

125 3 0
                                    



အပိုင်း ၅၉

"ဇာဂ့်တွေ နဲ့ လူသားတွေက လုံးဝကွဲပြားခြားနားသော မျိုးနွယ်နှစ်ခုဖြစ်ပြီး သူတို့၏ မျိုးပွားမှုနှင့် ရှင်သန်မှုတည်ဆောက်ပုံကလည်း ကျွန်တော်တို့နှင့် လုံးဝကွဲပြားနေတယ်။ ဇာဂ့်တွေက ဇာဂ့်ဘုရင်ရဲ့ နှလုံးသားဆီကနေ မွေးဖွားလာပြီး အသိအမှတ်ပြုဖို့ရော တခြားဇာဂ့်တွေအုပ်ချုပ်ဖို့ကို သွေး၊ အနံ့နဲ့ မွေးရာပါ တည်ဆောက်ပုံကို အသုံးပြုကြတယ် "

"ဇာဂ့်ဘုရင်ရဲ့နှလုံးက အရာအားလုံးရဲ့ အရင်းအမြစ်ပဲ။ ဇာဂ့်ဘုရင်ရဲ့ အထိခိုက်နိုင်ဆုံးအပိုင်းကို ပေါက်ကွဲနိုင်လိုက်သရွေ့ ဇာဂ့် တွေအားလုံး ကွဲထွက်သွားလိမ့်မယ် "

"စစ်သား ထောင်ပေါင်းများစွာရဲ့ အသက်ကို အသုံးချပြီးနောက် အောင်နိုင်ခဲ့ပြီး ဇာ့ဂ်ဘုရင်လည်း သေဆုံးပြီး လုံးလုံးပျက်စီးသွားခဲ့တယ်။ လက်ကျန်တွေကိုပဲ အသုတ်လိုက်ရှင်းပစ်ဖို့ လိုတော့တာ " 

“ဒါပေမယ့် ငါတို့မှားသွားတယ်။ လူသားတွေရဲ့ လောဘဇောဟာ ဇာဂ့်တွေ ထက် မနည်းဘူးလို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။”

“ဝိညာဉ်ရေးရာစွမ်းအားက အထွတ်အထိပ် ရောက်လာတဲ့အချိန် လူအချို့သည် ၎င်းတို့၏ ခွန်အားကို ပိုမိုတိုးမြင့်လာစေဖို့အတွက် လူသားတွေနဲ့ ဇာဂ့်တွေကို ပေါင်းစည်းဖို့ စိတ်ကူးပေါ်လာကြတယ်။ သူတို့က ဇာဂ့်တွေနဲ့ လူသားတွေရဲ့ ဗီဇများကို ပေါင်းစပ်ရန် စတင်ကြိုးစားခဲ့ကြပြီး လူသားမျိုးဆက်သစ်ကို ဖန်တီးလိုကြတယ် "

ရှောင်မို၏ မျက်နှာက ချက်ချင်းပင် ရုပ်ဆိုးလာသည်။ သူမ၏မျက်လုံးများရှေ့တွင် မတူညီသောအရောင်အစက်များ ကခုန်နေတာကို တစ်ဖန်ပြန်မြင်ရပြန်သည်။ အကြောင်းမှာ ပြင်းထန်သောအကျိုးသက်ရောက်မှုအောက်တွင်၊ သူမ၏စိတ်စွမ်းအားသည် လွတ်ထွက်လာကာ ထိန်းချုပ်မှု ပျောက်ဆုံးလုနီးပါးဖြစ်နေသောကြောင့်ဖြစ်သည်။

အသံလှိုင်းထဲက ဗိုလ်ချုပ်ကြီးရဲ့အသံက ပင်ပန်းနွမ်းနယ်နေပြီး တချိန်ထဲတွင် ဝမ်းနည်းနေပုံလည်းရသည်။ "ပရော်ဖက်ဆာ ချောင်း၊ ငါတို့တောင်းပန်ပါတယ်၊ လူသားတွေအတွက် တောက်ပတဲ့အနာဂတ်နဲ့ အောင်ပွဲတွေ ယူဆောင်လာပေးမယ်လို့ မင်းမျှော်လင့်ထားပေမယ့် ငါတို့ မအောင်မြင်ခဲ့ဘူး။ ငါတို့လူသားမျိုးနွယ်တွေ သုတ်သင်ခံရတော့မယ် "

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now