အပိုင်း ၁၅

1K 118 0
                                    

Unicode

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၁၅

တဖက်မှာတော့ ကျန်းလော့ကျစ်သည် နှုတ်ဆက်သည့်ရန်အလို့ငှာ ပိုင်ယွဲ့ကွမ်းဘက်သို့ အေးစက်စွာ ခေါင်းလှည့်လိုက်သည်။ သို့သော် သူ့မျက်နှာပေါ်တွင် ကြိုဆိုလိုသည့် အရိပ်အယောင်စိုးစင်းမျှ မရှိပေ။

ပိုင်ယွဲ့ကွမ်း၏ မျက်လုံးများသည် ချက်ချင်း မှိန်ဖျော့သွားပြီး အနည်းငယ် စိတ်ထိခိုက်သွားသယောင်ပင်။

ပိုင်ယွဲ့ကွမ်းနောက်တွင် ရပ်နေသော အိုးရန်မင်က အဲ့တာကို မြင်လိုက်သည်။ သူချက်ချင်း ရှေ့ထွက်လာပြီး ကျန်းလော့ကျစ်ကို မျက်စိတဖက်မှိတ်ပြကာ " ငါပြောမယ် လောင်ကျန်း၊ မင်းက တအားပျင်းစရာကောင်းတာပဲ၊ ငါတို့လို သူငယ်ချင်းတွေကိုကျ မခေါ်ဘဲ တယောက်ထဲဒီမှာလာစားနေတယ်။ ပိုင်ယွဲ့ကွမ်းက သူငယ်ချင်းဟောင်းတွေနဲ့ တူတူပြန်ဆုံမယ်လို့ အကြိမ်ပေါင်းများစွာပြောနေတာကို။ ပြောခါမှ ပြီးခဲ့တဲ့ တစ်ခေါက်ငါတို့တွေ့ကြတုန်းက လူတိုင်းက အလျင်သလို နှုတ်ဆက်သွားကြတာ သူမ မင်းကို စကားသေချာပြောဖို့က ခေါ်ထုတ်ဖို့အချိန်တောင်မရှိလိုက်ဘူးလေ။ ဒီနှစ်တွေထဲ အခြေအနေတွေကိုပြောဖို့ မင်းအားမယ့်အချိန်လောက် မင်းကို ချိန်းဖို့ တောက်လျှောက်စဥ်းစားနေတာ။ ဒါပေမယ့် မင်းကအမြဲ အလုပ်ရှုပ်နေတော့ သူမ မင်းကို မနှောင့်ယှက်ရဲဘူးလေ။ အဲ့လောက် ပြည့်ကြပ်နေတဲ့အချိန်ဇယားထဲကနေ မင်း အချိန်ခိုးပြီး  ဒီမှာ လာစားသောက်နေမယ်လို့ မထင်ထားဘူး။ "

" လောင်ကျန်း၊ ဒါမင်းပြောဖူးတဲ့ မစ္စချောင်းဆိုတာလား။ တကယ်ပဲ လောင်ကျန်း၊ မင်းကတော့ အကုန်လုံးနဲ့ မိတ်ဆက်ပေးရမယ်ဆိုတာကို မသိဘူးလား။ ဟယ်လို မစ္စချောင်း၊ ငါတို့က လောင်ကျန်းရဲ့ သူငယ်ချင်းတွေပါ။ ဒါကတော့ ကျောင်းတုန်းက လောင်ကျန်း နှလုံးသားထဲက နတ်ဘုရားမ မစ္စပိုင်ပေါ့။ ဟေး မင်းတို့ နှစ်ယောက်က တစ်အားလှတာ ပန်းလေးနှစ်ပွင့်လိုပဲ၊ နှစ်ယောက်တူတူသာထိုင်လိုက်ရင် သေချာပေါက် ပန်းချီကားတချပ်လို ဖြစ်သွားမှာ။"

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Donde viven las historias. Descúbrelo ahora