အပိုင်း ၂၉

850 113 0
                                    

Unicode

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၂၉


 ချောင်းမို ဗီလာတံခါးကို တွန်းဖွင့်ပြီး ထွက်လာလိုက်သည်။ သူမလို အမူအကျင့်ကောင်းရှိသော မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်ပဲဒေါသထွက်နေပါစေ တံခါးအသံမြည်အောင် ဆောင့်ပိတ်ခဲ့ခြင်းမျိုးမလုပ်ခဲ့ပါ။ 

ခရီးဆောင်အိတ်ကို ကိုင်ဆောင်လာသော ချောင်းမိုတစ်ယောက် အမှောင်ထဲတွင် ရပ်လိုက်မိပြီး ခဏတာ ငေးငိုင်နေမိသည်။

ဒီကို ကူးပြောင်းလာပြီးကတည်းက သူမ ကျန်းလော့ကျစ်၏ ဗီလာတွင် နေထိုင်ခဲ့ပြီး အစားအသောက်၊ အဝတ်အစား၊ အနေအထိုင်အတွက်အတွက် ဘယ်သောအခါမှ စိုးရိမ်စရာမရှိသည့်အပြင် သူမကို ရယ်မောစေသော သဲပန်းပု system လည်းရှိနေသေးသည်။

တစ်ညတည်းမှာပင် သူမသည် သဲပန်းပု system ကို ဆုံးရှုံးခဲ့ရရုံသာမက နွေးထွေး တည်ငြိမ်သော ၀င်ငွေရင်းမြစ်ကိုလည်း လက်လွှတ်ခဲ့ရတဲ့အပြင် ဤကမ္ဘာကြီးရှိ သူမ၏ အိမ်ကိုလည်း ဆုံးရှုံးခဲ့ရသည်။

သူမသည် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်မအကြောင်း အမြဲပြောနေပြီး မကြာခင် ကျန်းလော့ကျစ်ဆီမှ ထွက်သွားဖို့ရော ကျန်းလော့ကျစ်ဆီ နှုတ်ထွက်စာတင်ဖို့ရော စဥ်းစားထားခဲ့သေးသည်။

ဒါပေမယ့် သူမ ရက်ပိုင်းပဲနေခဲ့ရတဲ့ ဒီဗီလာကြီးထဲက​​ရော၊ ဒီကမ္ဘာမှာ ပထမဆုံးသိခဲ့ရတဲ့ ကျန်းလော့ကျစ်ကိုရော တကယ်တမ်း ချန်ထားခဲ့ရချိန်မှာတော့ သူမ တစ်ခုခုပျောက်ဆုံးသွားရသလို မခံစားရဘဲ မနေနိုင်ပါ။

ဒါက သူမ အမှီအခိုကင်းကင်း မနေနိုင်လို့လည်း မဟုတ်ဘူး။ ဒီတိုင်း မိခင်နဲ့သားပေါက်လေးတွေရဲ့ တွယ်တာမှုမျိုး တွယ်ငြိမိခြင်းပင်။

အထူးသဖြင့် အခုလို သူမနဲ့ ကျန်းလော့ကျစ် အလွန်နီးကပ်ခဲ့တဲ့ အချိန်မျိုးမှာပေါ့။

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O (ဘာသာပြန်)Where stories live. Discover now