Chapter 30 (The end 💐)

172 8 0
                                    

Unicode

ပြန်ပါဦးမည်
ချစ်တဲ့ သူ...

ဒီသက်မှာတော့
မေ့တော့ ဘူး..

ဝေလီဝေနွယ်
ဆံနွယ်များ
သိမ်းကာ ရယ်ပါ
ချစ်သူ..

စိမ်းစိမ်းကားကား
သူ မုန်းသား...

ရင်မှာ ကွဲလို့
ငိုရှိုက်ထား။ ။

~~~~~

သူ ဒီကနေ့လည်း စောစောနိုးပြန်ပြီ။

မဟုတ်သေး.....
သူ အိပ်၍ မရခဲ့ခြင်းသာ....။

သူ ထပ်၍တော့
ရှိုက် မငိုတော့ပါ။

ဒီတစ်ခါဆိုလျှင်
ရင်ကွဲရပါတော့မည်။

မျက်လုံးများလည်း မို့မနေစေချင်တော့
သူမ ရယ်ပါသည်။

အသဲထဲလှိုက်အောင်...
ရင်ထဲ စွဲအောင်
ငိုခြင်း အစားထိုး ရယ်မောခြင်းအား
သူမ သုံးပါသည်။

တစ်ညလုံး ခပ်တိုးတိုးရယ်မောခဲ့သည်မှာ
သူမ လည်ချောင်းများတောင်
ခြောက်ကပ်ချေတော့မည်။

သူမ အဝတ်များလည်း
မထည့်ရသေးပါ။

နှင်းဆီကလေးလည်း
မခူးရသေးပါ။

အမျိုးသမီး၏ မျက်နှာလည်း
မကြည့်ရတော့ပါ။

မိုးစင်စင် မလင်းခင်မှာတင်ပဲ
သူမ ခြံထဲဆင်းခဲ့ပါသည်။

ထို နှင်းဆီကလေးအား
ဖြစ်နိုင်ပါလျှင်
ချစ်ရသူ အမျိုးသမီးအား
ပန်ဆင်ပေးချင်ပါသည်။

နှင်းဆီကလေးသည်
မိုးမတ်မတ်နှင့်
ကြည်ပြာလဲ့ ကောင်းကင်ယံအား
ပြုံးပြ နှုတ်ဆက်နေပါသည်။

သူ ပြုံးမိလိုက်သည်။

သူ ဝမ်းနည်းပါသည်။

သူ လွမ်းဆွတ်ပါသည်။

နှင်းဆီကလေးအား
မခူးနိုင်ရက်အောင်လည်း ရှိပါသည်။

နုဖတ်ဖတ် နှင်းဆီနီကလေး
သူ့လက်ထဲ ရောက်မှ
ကြေမွ ပျက်စီးသွားမည်ကို
အလွန် စိုးမိသည်။

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now