Chapter 4

108 5 0
                                    

ကညာ အမ၏ အကြောင်းများကိုတော့
တွေးမိတာကို ဝန်ခံရမည်။

အမ၏ ခပ် စိမ်းစိမ်း အပြုအမှုတွေ၊
အမ၏ မူမတူ ညှို့တတ်တဲ့ သဘောတွေ၊
သူရဲ့ စေတနာကို စော်ကားပုံတွေကို
ကညာ စိတိမဆိုးမိပါဘဲ
တစ်မျိုး သဘောကျနေမိသည်။

အမကို သူ့မသိစိတ်ထဲ
စွဲလမ်းနေမိသည်။

နောက်

ကြောက်မိသည်။

ဒီကနေ့ သူမ ဈေးသွားရင်း
အမ၏ နေထိုင်ရာ ရပ်ဝန်းကလေးကို
အကဲခတ်ဦးမည်။

အမ တစ်ယောက်
ရှုပ်ပွေလီတဲ့ အိမ်ကြီးထဲ
အဆင်မှ ပြေပါ့မလား
ကညာ စူးစမ်းချင်သည်။

~~
သူမ အိမ်ထဲ အောင်းမိရင်း အချိန်ကုန်လိုက်တာ နှစ်ရက်လောက်တောင် ရှိပြီ။

'သူ'ဝယ်ပေးထားတဲ့ စားစရာတွေကုန်သွားသည်က တစ်ကြောင်း၊စီးကရက်မရှိတော့တာက တစ်ကြောင်းမို့ ထက်စီးသံ အပြင်ထွက်ရန်ဆုံးဖြတ်လိုက်သည်။

ဒေါ်ကြီး(သူမတို့အိမ်မှ)ကို အိမ်ခေါ်လိုက်လို့ရပေမဲ့ ထက်စီးသံ သူတစ်ဦးတည်း နေချင်သည်မို့ တစ်ယောက်တည်းပဲ နေရန် ဆုံးဖြတ်လိုက်သည်။

ထမင်း၊ဟင်း ကောင်းကောင်းမချက်တတ်သူမို့ ချက်မစားဖြစ်သည်မှာ ဒေါ်ကြီး မရှ်ိကတည်းက ဖြစ်၏။

ထက်စီးသံ ခြံဝန်းထဲမှ ကားကိုထားပြီး လမ်းလျှောက်သွားရန်သာ ဆုံးဖြတ်ထားသည်။

ဘယ်နေရာရှိမှန်း မသိသည့်
ကုန်စုံဆိုင်အား သူမ ခြေချင်ရှာမည်။

အချိန်မှာ မနက်စောစောဖြစ်၍ နေရောင်ခြည်မှာ နွေးထွေးစွာ မြေပြင်ပေါ် ကျဆင်းနေသည်။

လေပြေအေးလေး တစ်ချက်တိုးဝှေ့တိုင်း သူမ၏ ဆံပင်တိုလေးများ လေထဲ၌ ဝှေ့လူးကစားနေသည်။

မြေနီလမ်းလေးပေါ်၌ကော၊
သူမ ဘေးဘီမှာပါ လူတစ်ဦးမှ မရှိသည့်အတွက် သူမ စိတ်ချမ်းသာမိသည်။

တွေ့လျှင်
မိတ်ဆက်စကားပြောနေရဦးမည်။

ညက သောက်ထားသည့် အရှိန်ကြောင့်
သူမ ခေါင်း အနည်းငယ် မူးနေမိသည်။

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now