Chapter 22

300 12 0
                                    

Unicode

မိုးလေသံ သဲ့သဲ့ အပြီး
သူမ အိမ်မှ ထွက်ခဲ့သည်။

အနောက်တောင် မုတ်သုံလေသည်
အညှာအတာမဲ့စွာ
တစ်ညလုံး ရွာသွန်းဖြိုးနေခဲ့သည်။

သစ်ရွက်စိမ်းစိမ်းတို့အား
လှုပ်ခတ်စေသော လေပြင်းအေးသည်
သူမ မျက်နှာပေါ်အား
ဆက်တိုက် ဖြတ်လျှောက်သွားနေသည်။

ဦးဆုံး အချိန်မကျဘဲ ရွာသည့် မိုး မို့
မြေသင်းနံ့ ထုံထုံသည်
သူမ နှာခေါင်းထဲသို့
တိုးဝင် ယဉ်ယှက်နေသည်။

ဒီအချိန်သည်
မုတ်သုံလေ နုနုအား
ခံစားရင်း...
မြေသင်းနံ့ ထုံထုံအား
ရှုရှိုက်ကာ..
အတွေး ခံစားချက်များအား
ခံစား ဖွင့်လွင်ရမည့်
အချိန်ကာလ ဖြစ်ပါသော်လည်း
သူမ စိတ်ထဲ အနိုင်ယူထားသော အတွေးမှာ
မောင်။ ။

မောင် ဘယ်မှာလဲ..
ဘယ် နားမှာလဲ...
ဘယ်လို ဖြစ်နေမှာလဲ။

ပြေးသည် ဆိုရုံမတတ် မောင့်အိမ်သို့
သူမ သွားမိသည်။

နာကျင်နေသော ခြေထောက်ကလေးအား
အားနာ သနားမိပါသော်လည်း
သူမ စိတ်အစဉ်သည်
မောင့်အား ပူပင်ခြင်းဖြင့်သာ
ပို၍ နေရာယူထားသည်။

မောင့် အိမ်ကလေးသည်
မိုးဦးလေဦးထဲမှာတောင်
အဝါရောင်နုလေးသည်
တည်ငြိမ်စွာ ရှိ‌နေသည်။

စေ့ထား‌ပါသော တံခါးအား
သူမ အတင်း တွန်းကာ ဝင်သွားမိသည်။

မည်သူ တစ်ဦး တစ်ယောက်မျှ မရှိ။

"ကို ရှိုင်းမော်...အကိုရေ...အကို ရှိုင်းမော်..."

သူမ ခပ်တွင်တွင် အော်ခေါ်မိသည်။

ထူးသံ မကြား။
ကြားသံကို မထူး။

"အကို ရှိုင်းမော်ရေ...
ညီမ ကညာပါ...အကိုရေ...."

သူမ အိမ်ပေါ်သို့
‌ခပ် နှေးနှေးသာ တက်နိုင်တော့သည်။

အပြေးကြီး ပြေးလာပါသော
ခြေထောက်မှာ အလွန် နာလှပြီ။ ။

အိမ်ပေါ်၌ မည်သူမျှ မရှိချေ။

သူမ မောင် အိပ်စက်သည့် အခန်းထဲအား
ရောက်ရှိပြီ။ ။

မောင့် အုံးခဲ့သည့် ခေါင်းအုံးကလေးပေါ်အား
မျက်နှာအပ်ကာ ငိုချပြစ်လိုက်သည်။

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now