Chapter 14

75 5 0
                                    

Unicode

မောင်၏ အလို ဆန္ဒအရ
သူမ ရှိုင်းမော်၏ ချိုင်း‌ထောက်ဖြင့်
လမ်းလျှောက်နည်း သင်တန်းအား
ခဏတာ တက်ခဲ့လိုက်သည်။

မောင် မဟုတ်၍
သူမ မတတ်လည်း တတ်ချင်ယောင်ဆောင်၍ ၁၀ မိနစ်လောက်သာ သင်၍ ရပ်ခဲ့သည်။

ညရောက်ပြန်တော့လည်း
မောင်သည် မူမပျက် ညစားထမင်းပွဲထဲ ထမင်းလာစားသည်။

သူမ တင်မဟုတ်
ဘယ်သူ့ကိုမှ စကား မပြော။

ကိုယ့် ထမင်းကိုယ် စားပြီး
စီးကရက် ဖွာရှိုက်ကာ
အိမ်ပေါ်သို့ တက်သွား၏။

မောင်၏ မျက်နှာမှာ
တည်လျက် ရှိသည်။

မောင်၏ ခပ်စိမ်းစိမ်း အပြုအမှုကြောင့်
ရင်ထဲ ဝမ်းနည်းမိသည်။

မောင် အကြောင်း တစ်ခုခုကြောင့်
စိတ်‌ဆိုးနေသရော့လား....။

မောင်၏ ကြင်နာခြင်းများ
ထပ်၍ ပျောက်ကွယ်တော့မည်လား...။

မောင်၏ သူစိမ်းဆန်မှုများအား
သူမ လုံးဝ မလိုချင်ပါ။

မောင်သည် သူမ
သူ့အား စကားအထွန့်တက်မိလို့
စိတ်ဆိုးသွားခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချမိသည်။

ရူးတယ် ပြောကြစမ်းပါစေ........
မောင့်၏ ကြင်နာမှုအား ရယူရန်သာ
အရေးကြီးသည်။

နောက်
မောင်က ဒါဆို
သူမဟာလည်း ဒါပဲ ရွေးချယ်ရန်
ဆုံးဖြတ်ခဲ့ပြီ။

မောင်၏ ‌နွေးထွေးမှုအားပဲ
သူမ အစဉ် လိုလားသည်။

နောက်တစ်နေ့
မောင်နားသွားကာ
ချွဲနွဲ့မည်ဟု သူမ တွေးမိသည်။

မောင့်အနာကိုလည်း
မရရအောင် ဆေးထည့်ပေးဦးမည်။

‌အနည်းဆုံးတော့
မောင်၏ မျက်လုံးများမှ အပြုံးရိပ်
မြင်နိုင်မည်။

သူမ ခေါင်းရင်း ပြတင်းပေါက်မှ
သူမ အပေါ် ညင်သာစွာ ဖြာကျနေသော
လရောင်အား ကြည့်မိသည်။

လမှာ သာလျက် ရှိသည်။

ငွေရောင် ကြယ်ကလေးများ
ဖြိုးဖြိုး ဖျက်ဖျက်နှင့်
မီးခိုရောင် တိမ်လွှာတို့
တစ်ဖြေးဖြေး လွှင့်လျက် ရှိသည်။

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now