Chapter 9

82 6 0
                                    

Unicode

"အ..အကို့ကို သတိရလိုက်တာ..."

ဒီလို အချိန်
အထီးကျန်မှုတွေကြားထဲကနေ ရုန်းထွက်ပြီး
အကို့ ရင်ထဲ ခိုအောင်းချင်သည်။

အကို့၏ နှစ်လိုဖွယ်ရာကောင်းလွန်းလှသော
ကိုယ်သင်းနံ့လေးအား ရှုရှိုက်ရင်း
ဆက် ရှင်သန်ချင်သည်။

ရယူနိုင်သော
အခွင့်အရေးများ ရှိလျှင်တောင်
အခွင့်အရေးမယူတတ်သော အကို။

'အကို တန်ဖိုးထားတဲ့ တို့ဟာလေ
အကို ဖြစ်စေချင်တဲ့ အတိုင်း
တန်ဖိုးရှိတဲ့ မိန်းမပျိုပါပဲ ကွယ်...'

မျက်လုံး၌ မျက်ရည်များနှင့်
ခတ်ထန်လျက်ရှိသော နှုတ်ခမ်းတို့အား
အကိုများတွေ့လျှင်
ဟန်ဆောင်ကောင်းတယ် ဟုပဲ ဆိုမလား။

လျှိုဝှက် လွန်းတယ် လို့ပဲ
ကဲ့ရဲ့မလား....

တို့..တို့ မပြောတတ်တော့ပါဘူး..အကိုရယ်..။

~~~~~

"မမလေး...."

ထိုင်ခုံနောက်မှီအား မှီနေရင်း အိပ်နေသည့် သူမအား မြတ်ရှိုင်းမော် မှန်တံခါးခေါက်ကာ နှိုးသည်။

သူမ ကြည့်ရတာ
သိပ် ပင်ပန်းနေပုံပေါ်ပါ၏။

နက်မှောင်သော မျက်ဝန်းတွေအောက်မှ
မျက်က္ငင်း ညိုများအား မြင်တွေ့ရသည်။

ပင်ပန်းလွန်းသည် ထင်ပါ၏။

အိပ်ပျော်နေသော သူကလေးမှာ
မနိုးသေးပေ။

"မ...မ‌မလေး
မမလေး ထက်.."

‌မျက်ခုံးအစုံတို့ ပင့်တက်လာကာ
မျက်လုံးများ တစ်ဖြည်းဖြည်း ပွင့်လာ၏။

မမလေးသည် သူ၏ မျက်လုံးများအား လှန်ကာ တစ်ဖြည်းဖြည်း သူ့အား ကြည့်သည်။

"ကားပေါ်တက်...."
ရုတ်တရပ်တွေ့ရပါသော်လည်း
လေသံမှာ အေးအေးပဲ ဖြစ်သည်။

မြတ်ရှိုင်းမော် ဟိုဘက် တံခါးကိုသွားကာ
ဖွင့်ပြီး ကားပေါ် တက်လိုက်သည်။

"ကျွန်တော် ရောက်ပါပြီ မမလေး..."

ထက်စီးသံ ကားဆက်နှိုးလိုက်၏။

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now