Chapter 20

33 3 0
                                    

Unicode

ညဘက်များတောင် ရောက်ပြီ။

ညနေက
မမသူ၏ ငိုရှိုက်သံ ဖြေးဖြေးချင်းတိတ်သွား၍ ကားသံ ခပ်ဆူဆူအား ကြားလိုက်ရသည်။

မမသူ ထွက်သွားတာ သေချာပြီမို့
သူမ အခန်းထဲမှ ထွက်ကြည့်လိုက်တော့
မောင်သည် အလွန် စိတ်ထိခိုက်နေပုံနှင့်
စီးကရက် ထိုင်ဖွာနေ၏။

အကို ရှိုင်းမော်ဟာတော့
နောက်ဖေးခန်းထဲ တစ်လုံးလုံးနှင့်
ချက်ပြုတ်နေလေသည်။

မောင့်အား မြင်ပြီး
သူမ ခြေထောက်တို့တောင်
နာကျင်လာသလို ရှိသည်။

ထော့နဲ့ ထော့နဲ့ ထောက်ကာ
သူမ မောင့်ရှေ့သို့ သွားထိုင်သည်။

မောင်သည် သူမအား မြင်တော့
ဘာလဲ ဆိုသည့် သဘောနှင့်
မျက်ခုံးပင့်ပြသည်။

"မောင် အဆင်ပြေသလား..ဟင်.."

မောင်သည် ခပ်ထေ့ထေ့ပြုံးသည်။

"‌ဘာလို့ သနပ်ခါးမလိမ်းသလဲ ငယ်လေး..."

မောင်သည် စကားလွှဲပြီ။

"ဒီတိုင်းပါပဲ မောင်ရယ်...
ကညာ မေးတာဖြေ‌ပါနော်..."

"ငယ်လေးက မှုံနံသာ တင်မှ လှတာ...
သွား...သနပ်ခါးသွား လိမ်းချေ...."

မောင်သည် တော်လွန်းလှပြန်ပါသည်။

ဒီတစ်ခါလည်း
သူမ၏ ခံစားချက်အား
လျစ်လျူရှုပြန်ပြီ။ ။

"ဟုတ်...ဟုတ်ကဲ့ပါ မောင်ရယ်..."

သူမ ခေါင်းကလေး ငုံ့ကာ
မောင့်ရှေ့မှ အသာအယာ ထွက်ခဲ့သည်။

မျက်ရည်ကလေးလည်း ဝဲမိသည်။

အခန်းရှေ့နား ရောက်ကာမှ
"အော်...ငယ်လေး...
ထပ်ပြီး မငိုနဲ့တော့နော်..."

"ရှင်...ဟုတ် ဟုတ်ကဲ့..."

သူမ ဝဲနေသော
မျက်ရည်ကလေးများအား
လက်ခုံဖြင့်
အမြန် ပွတ်သပ်ဆွဲလိုက်ရ‌လေပြီ။

မောင့်၏ စိတ်ကြိုက်ပါပဲလေ။   ။

~~~
"အိမ်ရှင်တို့...အိမ်ရှင်တို့...."

အိမ်ရှေ့မှ ခပ်အုပ်အုပ် အော်သံဖြစ်ပါ၏။

ရှိုင်းမော် မအားသည်မို့
သူမ ကိုယ်တိုင်ဘဲ တံခါးသွားဖွင့်ပေးမိသည်။

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now