Chapter 24

59 5 0
                                    

Unicode

လေအေး သာယာ
တိုးဝှေ့ကာ
ဆံနွယ် လေလီ ဝဲစေသည်

လေနု
နှလုံး တိုးကာရုန်း
မောပန်းစိတ်တို့ ပြေလျော့သည်

သို့မှာ စိတ်ငြား
ဆိုးပါတကား...

ပို၍ ဆိုးကာ
လွမ်းမောပြီ။ ။

~~~~~
ထက်စီးသံ သက်ပြင်းအား
ဆိုးစိုက်စွာ ရှိုက်မိသည်။

သက်ပြင်းသံ ဆိုးဆိုးကြောင့်
ကားမောင်းနေသော ရှိုင်းမော်
လှည့်ကြည့်လာသည်။

ညနေချိန်ခါရယ်တောင် ရောက်ပြီမို့
လေနုမှာ အေးသည်။

နောက်
‌လွမ်းသည်။

~~~~~
သူမတို့ အိမ်သို့
ဦးတည်နေခြင်းဖြစ်ပါသည်။

တစ်မနက်လုံး စစ်ဆေးခံရသည်မှာ
မောလှပြီ။

ရဲစခန်းမှ ဖုန်းနှင့် ဓားအား
ပြန်ရခဲ့သည်။

ဓားကိုတော့
အတိတ်ဆိုးများ မကြည့်ချင်သည်မို့
လွှတ်ကာ ပြစ်ခဲ့သည်။

ဖုန်းအားတော့ ပြန်ယူခဲ့သည်။

မရှိမဖြစ်မဟုတ်တောင်
အဆက်အသွယ်ဖို့ ထားရဦးမည်။

သူမ မသတ်ခဲ့တာ သိရက်နှင့်
ဦးကိုကိုနိုင်သည် ကညာ့မိဘများအား
သူသတ်သည်ဟု မိသူအား
ပြောခဲ့သည်မှာ မိသူ သူမအား
မုန်းစေချင်သောကြောင့်ဖြစ်သည်ဟု
နောက်မှ သိရသည်။

ဘာပဲဖြစ်ဖြစ်
ဦးကိုကိုနိုင်၏ ရိုက်ချက်ကြောင့်
နောက်စေ့ မဆိုသလောက် ကွဲကာ
ရဲစခန်းမသွားမှီ
ဆေးခန်း၌ ပတ်တီးဝင်စီးခဲ့ရသေးသည်။

ရှိုင်းမော်၏ စိတ်ပူမှုတွေကြောင့်ပါလေ။

သူမဟာ သူမဆို
ဆေးတောင် ထည့်ဖြစ်မည် မထင်ဘူး။

"အဆင်ပြေရဲ့လား မမလေး...အယ် မမ.."

ရှိုင်းမော်သည်
သူ့အမှားသိ၍ ပြုံးနေသည်။

သူမဟာတော့ မပြုံးနိုင်ချေ။

"ရှိုင်းမော်..."

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now