Chapter 27

33 5 0
                                    

Unicode

သူ ဆိုဖာပေါ်
သက်ပြင်း ဟူးကနဲ ချကာ ထိုင်ချလိုက်တော့
ရှိုင်းမော်သည် သူ့အနား
အပြေးရောက်လာ၏။

"မမ..."

သူ ဒေါသနှင့်
သနားစိတ် ခပ်ရောရောရယ်မို့
မျက်နှာထား ဘယ်လိုဖြစ်နေမလဲတောင်
မသိ။

စိတ်ရှုပ်မိတာတော့ အမှန်ပင်။

"မမလို့..."

"ပြော...ရှိုင်းမော်ရာ.."

သူ စိတ်မရှည်မိချေ။

"မမကလေ....သိပ် လူကြိုက်များတာပဲ သိလား...မိန်းကလေးတွေက မမဆို သိပ် ကြိုက်ကြတာပဲ..."

"လူကြိုက်များတိုင်း မကောင်းဖူးဟ..
သူတို့က....သူတို့က..."

သူတို့၏ မူရင်းစိတ်အား
ဖော်ပြရန်
သူ စကားမဲ့သွားသည်။

"စိတ်ကစားတာ....
သူတို့က စိတ်ကစားတာ...
ကဲ..ရှိုင်းမော်ရာ
မောရတဲ့ကြားထဲ မင်းက တစ်မှောက်.."

သူ ပြောလိုက်တော့
ရှိုင်းမော်သည်
သွားကြီးဖြဲကာ ပြုံးပြ၏။

"မမ..."
ဟော...
ထပ်၍ ခေါ်ပြန်ပြီ။

"ဘာတုန်း...."

"ဟို....ခဏနေရင်..
နေ့လည်စာ စားရပြီလို့ ပြောမလို့ပါ...ဟဲဟဲ.."

သူ တိတ်နေလိုက်ပြီး
ပြတင်းပေါက်မှ အပြင်သို့သာ
ကြည့်နေမိသည်။

ရှိုင်းမော်သည်
ထမင်းစားခန်းထဲ ပြန်ဝင်၍
ထမင်းစားရန် ပြင်နေ၏။

သီချင်းကလေး တစ်ညည်းညည်းနှင့် ဖြစ်၏။

*အိမ်မက်ထဲမှာ...
လမင်းသာချိန်..*

*တည်ငြိမ်တဲ့..ညရဲ့
တိတ်ဆိတ်နေပုံရယ်..*

*နွေပန်းချီကာနှယ်...
နွယ်ကာယှက်တွယ်*

*အာရုံဝယ် မျဉ်းမျဉ်း
ဖမ်းစားထင်ကျန်ရင်း...*

*ချစ်သောသူရယ်...
မောင့် အနားမှာကွယ်....*

*သာယာစွာ ခွန်းဆို
တေးလို့ ချိုလို့ တကယ်..*

*ညင်သာဖွယ် စောင်းသံ..
ကြားမိနေသလားဟယ်..*

*မှုန်နံ့သာခြယ် ပါးကလေး
ချိုင့်အောင် သူပြုံးတယ်..*

ရှိုင်းမော် အော်ကြော်ကာ
ခပ်ကောင်း‌ကောင်း သီဆိုသည်။

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now