Chapter 6

86 5 0
                                    

Unicode

အမ မီးဖိုခန်းထဲ
ဝင်သွားသည်။

ကညာမှာတော့
ဧည့်ခန်း ဝှီးချဲပေါ်၌ တွင်ပဲ
ထိုင်နေမိ၏။

အမအား
ခေါ်တွင်လို့ရမည့် နာမ်စားအား
သူမ ခေါင်းပေါက်မတက်ရှာဖွေနေမိသည်။

"ခေါင်းကိုက်လိုက်တာ..."
များများ တွေးလိုက်လို့လား
သူမ ခေါင်းတို့
အနာအရှိန်ကြောင့်ရယ်လာတော့ မသိ။

တစ်ဆစ်ဆစ်နှင့်
ထိုး၍ ကိုက်လာသည်။

"'သူ'က  ညစာဖို့ အသေအချာ ပြင်ဆင်ပေးခဲ့တာပဲ...မင်း ဗိုက်ဆာပြီလား...."
အမ၏ မီးဖို‌ခန်းထဲမှ
မေးသံ သဲ့သဲ့။

ကညာ ပြန်မဖြေနိုင်ပါ။

"ဟိုကလေးမ ငါ မေးနေတာ ကြားလား..."
ထက်စီးသံ ကညာဘက်သို့
လှည့်ကြည့်လိုက်သည်။

ခေါင်းကို အသဲအသန် နှိတ်နယ်နေသော
ကညာအား သူမ တွေ့လိုက်ရ၏။

လက်ထဲရှိ ဆေးလိပ်တိုလက်ကျန် အား
တစ်ချက်မျှ ဖွာရှိုက်လိုက်ပြီး
မီးကို လက်ဖြင့် ချေမွကာ သတ်လိုက်သည်။

တစ်ဖြည်းဖြည်းချင်း
မိန်းမငယ် ရှိရာသို့ လျှောက်သွားလိုက်သည်။

"မင်း ငါမေးနေတာ မကြားဖူးလား...ခေါင်းကိုက်နေတာလား...."
စိုးရိမ်ယောင်ပေါက်သော မေးခွန်းများဖြစ်ပါသော်လည်း လေသံမှာ ခတ်ထန်မာကျောလျက်။

"ဟုတ်...က‌ညာ ခေါင်းတွေ စူးကိုက်နေတယ်..."

ထက်စီးသံ ကညာ့၏ သူခေါင်းသူနှိတ်နယ်နေသော လက်တို့အား ဖယ်လိုက်သည်။

"ခေါင်းကို ပိုနှိတ်ရင် ပိုကိုက်တယ်...
မင်း ငါကို ဘယ်လိုခေါ်ရမလဲ တွေးနေတာ မဟုတ်လား..."

ထက်စီးသံ
ကညာ၏ လက်နုနုတို့အား
လွှတ်ချလိုက်၏။

"ရှင်...ဟုတ်..ဟုတ်တယ်.."
အမအား ကညာကြည့်မိသည်။

အမဟာ
သူမျက်နှာနှင့် မဝေးပါသော
နေရာကလေးမှာ။

အနီးကပ်ကြည့်တော့
အမက ပိုချောသည်ဟု
ကညာ ထင်မိသည်။

နောက်
ရင်ဖိုသည်။

"ငါ့ကို အမနဲ့ မမက လွဲရင် မင်း ကြိုက်တာ ခေါ်နိုင်တယ်...ငါ စိတ်မဆိုးဘူး...မင်း ငါ့ကို ကိုကိုလို့တောင် ခေါ်နိုင်သေးတယ်..."

နယ်ရုပ်/နယ်ရုပ်Where stories live. Discover now